ခွင့်ပြုစေချင်တယ်

လရောင်ကျူးရင့်

900 Kyats ကျပ်
❤ တစ်ခါတလေ တချို့အဖြစ်အပျက်တွေက ကိုယ်မကျူးလွန်ပါဘဲနဲ့ ကျူးလွန်ပါတယ်လို့ စွပ်စွဲခံရတတ်သလို၊ မကျူးလွန်ပါဘူးလို့ ဘူးခံငြင်းနေပေမဲ့လည်း ကျူးလွန်မိခဲ့တာတွေ ရှိတတ်တယ်လေ။ မိုးမြေခစားဆိုတဲ့ ခပ်ရိုင်းရိုင်း၊ ခပ်စွာစွာကောင်မလေးတစ်ယောက်လည်း လူသတ်မှုနဲ့ စွပ်စွဲခံထားရတယ်။ သေတဲ့သူကလည်း မိဘချင်းသဘောတူထားတဲ့လူ။ မိဘကချမ်းသာတော့ အမှုကိုဖြေရှင်းပေးဖို့ ရှေ့နေငှားတယ်။ မိုးမြေခစားရဲ့ ခပ်စွာစွာပုံစံအတိုင်း မင်းမာနဆိုတဲ့ ရှေ့နေနဲ့လည်း တစ်စက်မှမတည့်ဘူး။ လူသတ်မှုနဲ့ စွပ်စွဲခံထားရတာတောင် ရှေ့နေကိုခပ်စွာစွာရန်ပြန်တွေ့နေတာ ဘယ်လိုတောင် စိတ်ညစ်ဖို့ကောင်းလိုက်သလဲ။ ❤ မင်းမာနဖက်ကလည်း တစ်စက်မှငြိမ်မခံ ပြန်ချေပနေတော့ မိုးမြေခစားရဲ့ အမှုကဘယ်လိုဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းရ တော်တော်ခက်ခဲသွားတယ်။ နောက်တစ်ခုရှိသေးတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပုဂံမှာ ဆုံခဲ့ကြတဲ့ လူဆင်းရဲလေးမင်းမင်းနဲ့ ဖြူစူးဆိုတဲ့ သူဌေးသမီးလေးတို့ရှိတယ်။ ဒီကလေးနှစ်ယောက်နဲ့ နည်းနည်းမှအဆင်မပြေကြတဲ့ လူကြီးနှစ်ယောက်ကရော ဘယ်လိုချိတ်ဆက်မှုတွေ ရှိလာမလဲဆိုတာ ခန့်မှန်းရခက်အောင်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ လရောင်ကျူးရင့် လက်ရာတွေထဲမှာ တော်တော်ဖတ်လို့ကောင်းတဲ့ တစ်အုပ်မို့ ညွှန်းလိုက်ပါတယ်ဗျ။