ခွင့်ပြုပါ ခွင့်လွှတ်ပါ

လရောင်ကျူးရင့်

900 Kyats ကျပ်
ပြင်ဦးလွင်မြို့မှာ ကျော်ကြားနေခဲ့တာဟာ မာနကြီးလွန်းလို့ ဖြစ်တဲ့ ဒေါ်မြဆက်။ မာနက ကောင်းကင်ကို ဖောက်မတတ် ပြင်းထန်လွန်းတော့ သူ့ဆီမှာ တော်တဲ့ ထက်တဲ့ အရည်အသွေးတွေက မာနနဲ့ ယှဉ်ပြီး အပြည့်ပဲ။ သက်မြစံ ဆိုတဲ့ သမီးလေး တယောက်ပဲ မွေးတယ်။ သက်မြစံကတော့ ‘နေအရောင်’ နဲ့ ‘မြရောင်လွှမ်း’ ဆိုတဲ့ မောင်နှမနှစ်ယောက်တို့ရဲ့ မိခင် ဖြစ်လာတယ်။ မိသားစု အသိုင်းအဝိုင်းကြားက ဆက်ဆံရေးတွေကို ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ စိတ်ဝင်စားဖို့ ကောင်းအောင် တည်ဆောက်တတ်တဲ့ စာရေးဆရာမ လရောင်ကျူးရင့်ရဲ့ ဆွဲဆောင်မှု ရှိတဲ့ လက်ရာကို ဒီစာအုပ်ထဲမှာ ထပ်ပြီး မြင်တွေ့ရဦးမှာပါ။ ဝတ္ထုရဲ့ အဓိက ဇာတ်ကောင် ကောင်မလေး ‘လွှမ်း’ ကြောင့် ဒီဇာတ်လမ်း ဖြစ်လာတယ်။ လွှမ်းကလည်း ‘ချစ်သောမောင်´ ဆိုတဲ့၊ အကိုဖြစ်သူရဲ့ သူငယ်ချင်းက သူတို့ အိမ်ကို ရောက်လာတာက စပြီး ဒီဇာတ်လမ်း ဖြစ်လာတယ်။ ကိုရီးယားဇာတ်လမ်း ဆန်ဆန် ဝတ္ထုမျိုး ဖတ်ချင်သူတိုင်း ဒီစာအုပ်ကို နှစ်သက်ကြပါလိမ့်မယ်။