ကျွန်မချစ်တဲ့လင်

လရောင်ကျူးရင့်

1500 Kyats ကျပ်
ဒီဝတ္ထုက ချောက်ချားစရာတွေနဲ့ ပြည့်နေတဲ့ အချစ်ဝတ္ထုလို့ဆိုရမယ်။ မြို့တော်ဆိုတဲ့လူက ပညာတတ်။ အခြေအနေမဲ့၊ မိဘမဲ့၊ ငပျင်း။ တစ်နေ့သူက သူငယ်ချင်း သူရိန်မင်းရှိတဲ့ ရွာကိုလာခဲ့တယ်။ ကံကဆိုးချင်တော့ သူရိန်မင်းက သူ့မိန်းမ အတွယ်တာ ကလေးမွေးတဲ့နေ့မှာ ဆုံးသွားပြီတဲ့။ မကျွတ်လွတ်တာလား၊ တစ်ယောက်ယောက်က ချုပ်ထားတာလားမသိဘူး။ သူရိန်မင်း သရဲက တစ်ရွာလုံးကို ခြောက်လှန့်နေတာ။ အတွယ်တာကလည်း သူရိန်မင်း သတင်းကြောင့် စိတ်လွတ်သွားတယ်။ သူ့ယောက်ျားကိုပဲ ရှာနေတယ်။ ကလေးကိုတောင် သတ်ပစ်ဖို့အထိကြိုးစားတယ်။ မိဘတွေကလည်း အတွယ်တာ စိတ်ပြန်မှန်လာအောင်ရယ် သူရိန်မင်းသရဲ ပျောက်သွားအောင်ရယ် အတွယ်တာကို ယောက်ျားထပ်ပေးစားကြတယ်။ ဒါပေမယ့် ဘယ်သူမှ သူရိန်မင်းသရဲ ဒဏ်ကို မခံနိုင်ဘူး။ အဲဒီလိုအခြေအနေတွေရှိတဲ့ ရွာထဲ၊ မိသားစုထဲကို မြို့တော်တစ်ယောက် ဝင်မိတဲ့အခါ… ရယ်လည်းရယ်ရ၊ ကြောက်လည်းကြောက်ရ၊ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ အချစ်ဝတ္ထုလေးကို ခံစားကြည့်ပါဦး။