သေမင်းကို လှည့်စားနိုင်တယ်

လူနေ

700 Kyats ကျပ်
ဝတ္ထုဇာတ်လမ်း ခပ်ဆန်းဆန်း တည်ဆောက်ထားပြီး လျှို့ဝှက်ချက် ပဟေဠိတွေ မြှုပ်နှံထားတဲ့ လူနေရဲ့ ဝတ္ထုတွေကို လူငယ် စာဖတ်သူတွေ စွဲစွဲလမ်းလမ်း ဖတ်ခဲ့ကြဖူးမယ် ထင်ပါတယ်။ ဖတ်လို့ ကောင်းတယ်။ ဖတ်ပြီးရင် စွဲတယ်။ ဝတ္ထုထဲက ဇာတ်လမ်း ဇာတ်ကွက် အလှည့်အပြောင်းတွေက စာဖတ်သူ လုံးဝ မမျှော်လင့်ထားသလို ဖြစ်နေတော့ လူနေရဲ့ လက်ရာဟာ ဘယ်ချိန်ဖတ်ဖတ် စိတ်ဝင်စားဖို့ ကောင်းနေတာပဲ။ ဒီစာအုပ်ကတော့ စာဖတ်သူ မြင်နေကျ လူနေရဲ့ ဇာတ်လမ်းမျိုး မဟုတ်ဘူး။ အသစ်အဆန်းကို တွေ့ရတယ်။ သူက နတ်ပြည်နဲ့ လူ့ပြည်ကို အခြေခံထားတယ်။ ပြီးတော့ ပြိတ္တာပြည်အထိ ပါတယ်။ နတ်သားတွေ၊ နတ်သမီးတွေ၊ ပြီးတော့ သေမင်း၊ သိကြားမင်း၊ ငရဲမင်းတွေကို ဇာတ်လမ်းထဲမှာ ဇာတ်ကောင်အတွေအဖြစ် မြင်ရတယ်။ ဖတ်ရတာ ထူးထူးခြားခြား ရှိသလို ဇာတ်လမ်းကလည်း အသစ်အဆန်းပဲ။ လူတယောက်ကြောင့် (၃၁) ဘုံက ဘုံအသီးသီးမှာ ပြောစမှတ်တွင်သွားတဲ့ ကိစ္စကြီး တခု ဖြစ်သွားခဲ့တယ် အဲ့ဒါက ... ကံကြမ္မာပုရပိုဒ် ပြောင်းလဲသွားတဲ့ ကိစ္စ။ အုတ်အော်သောင်းနင်း ဖြစ်သွားတာက ကိုယ်စောင့်နတ်တွေဟာ သေမင်းကို လှည့်စားသွားနိုင်တဲ့ ပြဿနာ။ ကဲ ... လူနေကတော့ ဝတ္ထုဇာတ်လမ်း အသစ်ကိုမှ စာဖတ်သူလက်ထဲ အရောက်ပို့လိုက်ပါပြီ။