အဝါရောင်သစ်တောက်ငှက်

လူသာမန်

1000 Kyats ကျပ်
ဒီစာအုပ်ဟာ ဆရာလူသာမန်ရဲ့ ၁၄ အုပ်မြောက် စာအုပ်ဖြစ်ပေမဲ့ ဝတ္ထုတိုစုစည်းမှု အနေနဲ့ဆိုရင်တော့ ပထမဦးဆုံး စာအုပ်တစ်အုပ်ပါပဲ။ ဒါကြောင့် ဒီစာအုပ်က အရင်ထွက်ခဲ့တဲ့ စာအုပ်တွေနဲ့မတူဘဲ တမူထူးခြားတဲ့ ရသတွေကို ခံစားရစေမှာပါ။ ဒီထဲမှာပါတဲ့ ဝတ္ထုတိုတွေက ဆရာလူသာမန် လူမှုကွန်ယက်မှာ ဖန်တီးရေးသားခဲ့တဲ့ ဝတ္ထုတိုတွေပါပဲ။ စာအုပ်ထဲမှာ ဆရာ့ဝတ္ထုတိုတွေထဲကမှ လူကြိုက်များတဲ့ မှော်ဆရာရဲ့ သွေးမှတ်တမ်း အပါအဝင် မချိုမချဉ်၊ အချစ်မှာ ဇွဲဆု မရှိ၊ နှစ်သိမ့်ဆု မရှိ၊ လွမ်းစာ၊ နာကျင်လှိုင်းတွေရဲ့အောက်မှာ၊ ကတ္ထီပါကောင်းကင်၊ ကောင်းကင်မှာ စီးတဲ့ ဖိနပ်၊ အချစ်ဆိုတာ နာကျင်ဟာသ၊ နှင်းဆီကို ဘယ်အမည်ပေးပေး မွှေးမြဲမွှေး… စတဲ့စတဲ့ လက်ရာကောင်းတွေ အများကြီးပါဝင်လို့ ဖတ်ရှုခံစားကြည့်စေချင်ပါတယ်။