ရေစက်တို့သည်လည်း ... တစ်ခါတစ်ရံ မဆုံဆည်းသာ ...
လမင်းမိုမို
800 Kyats ကျပ်
ဒီဝတ္ထုက အတိတ်ရဲ့ အချစ်နဲ့အမုန်းတွေက ပစ္စုပ္ပန်ကို ဘယ်လိုဒဏ်ခတ်သလဲဆိုတာ ပုံဖော်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရန်ပယ်ဟာ ဆယ်ကျော်သက်ဘဝမှာ သူ့ထက်သုံးနှစ်ကြီးတဲ့ ပွင့်ဦးလှကို ရူးရူးမူးမူးချစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုထားခဲ့ပြီး သူဌေးတစ်ဦးနဲ့ လက်ထပ်လိုက်တဲ့အခါမှာ အချစ်ကြီးရင် အမျက်ကြီးသလို အကြီးအကျယ်မုန်းတီးခဲ့တာပေါ့။ နှစ်တွေကြာပြီးနောက် ရန်ပယ်ဟာ ငယ်ရွယ်ပြီး သဝန်တိုတတ်တဲ့ ဖွေးနုနယ်နဲ့ လက်ထပ်ကာ ပျော်ရွှင်စရာဘဝကို စတင်ခဲ့ပေမဲ့ ကံကြမ္မာက သူတို့ ဟန်းနီးမွန်းခရီးမှာ ပွင့်ဦးလှနဲ့ ပြန်ဆုံစည်းစေခဲ့တယ်။
ရန်ပယ်က ပွင့်ဦးလှအပေါ် အမုန်းကြီးမားတာရယ်၊ နုနယ်က သဝန်တိုလွန်းတာရယ်ကြောင့် အတိတ်ကဆက်ဆံရေးကို နုနယ်အပေါ် လိမ်ညာမိခဲ့တာပေါ့။ ဒါပေမဲ့ နုနယ်က သူမအပေါ် အခုချစ်တဲ့ အချစ်က အတိတ်က ပွင့်ဦးလှအပေါ် ချစ်တဲ့အချစ်ကို မယှဉ်နိုင်ဘူးဆိုပြီး သဝန်တိုလာတော့ သူတို့ကြင်စဦးဘဝမှာ မပျော်ရဘဲ ပြဿနာတွေ စတင်ပါတော့တယ်။
ချစ်ရသူတွေကြားက လျှို့ဝှက်မှုတွေ၊ အတိတ်ရဲ့ လွှမ်းမိုးမှုတွေနဲ့ မိသားစုဆက်ဆံရေးတွေကြားမှာ ရန်ပယ်နဲ့ နုနယ်တို့ရဲ့ အချစ်ခရီးက ဘယ်လိုဆက်မလဲ၊ ပွင့်ဦးလှကရော ဘယ်လိုပါဝင်လာမလဲ၊ မထင်မှတ်ထားတဲ့ ဇာတ်အပြောင်းအလဲတွေကြောင့် စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။ ဆရာမလမင်းမိုမိုရဲ့ ဝတ္ထုတွေကို ဖတ်ဖူးသူတွေအဖို့ ဆရာမရဲ့ ကလောင်စွမ်းကို သိကြမှာပါ။ ရုပ်ရှင်စီးရီးအဖြစ်လည်း အသက်သွင်းထားတဲ့ ဒီဝတ္ထုဟာ စာဖတ်ပရိတ်တို့ကို အဆုံးထိ ဆွဲဆောင်နိုင်စေမှာပါ။