မောဟတိမ်မည်းညို

လမင်းမိုမို

800 Kyats ကျပ်
ညီညဦးရဲ့ အစ်ကို ကိုနေတစ်ယောက် ရုတ်တရက်ကွယ်လွန်သွားချိန်မှာ ကိုနေ့ဇနီး မူယာနဲ့ သမီးလေး အိန်ဂျယ်တို့ ကျန်ရစ်ခဲ့တယ်။ ညီညဦးမှာ ဒီတူမလေးကိုပဲ သနားချစ်နဲ့ ဂရုတစိုက် ချစ်ခဲ့ရာကနေ ပျိုကလျာဆိုတဲ့ ချစ်သူလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တယ်။ ပျိုကလျာနဲ့ ညီညဦးတို့ရဲ့ အချစ်ရေးက အဆင်ပြေ သာယာနေခဲ့ပေမဲ့ မရီးဖြစ်တဲ့ မူယာတစ်ယောက် စိတ်သဘောတွေ ပြောင်းလာခဲ့ရာမှာတော့ ပျိုကလျာနဲ့ ညီညဦးတို့ ကတောက်ကဆ ဖြစ်စရာတွေ များလာရပါတော့တယ်။ မူယာက အိမ်ဂျယ်လေးကိုပါ သင်ပေးနေပြီ။ ညီညဦးကို ဒက်ဒီလို့ ခေါ်ခိုင်းတာမျိုး၊ အဖေတစ်ယောက်လို သဘောထားခိုင်းတာမျိုးပေါ့။ ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာဘဝလေးကို မူယာတစ်ယောက် ဘယ်လိုဝင်နှောက်ယှက်မှာလဲ၊ ညီညဦးနဲ့ ပျိုကလျာတို့ ပေါင်းဖက်ခွင့်ရမှာလား၊ ကွေကွင်းရမှာလား ဆိုတာကိုတော့ …