ကောင်းကင်ဘာကြောင့်ပြာ

လမင်းမိုမို

1000 Kyats ကျပ်
>> အခုခေတ်ကြီးမှာ အဖိုးနဲ့ အဖွားဘက်မှာရှိနေတဲ့ ဆွေမျိုးအကုန်လုံး ခြံကြီးတစ်ခြံထဲမှာ အတူတူနေကြတယ်ဆိုတာ အတော်ကို ရှားသွားကြပြီနော်။ မိုးထိနဲ့သော်တာတို့ရဲ့ အဖိုးနဲ့အဖွားကတော့ မောင်နှမသားချင်း ဆွေမျိုးတွေအကုန်လုံးနဲ့ ခြံကြီးတစ်ခြံထဲမှာ အတူတူနေကြတယ်။ လူတွေအများကြီးနဲ့ စည်ကားနေတယ်ဆိုပြီး အားမကျလိုက်နဲ့ဦး။ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့။ ချမ်းသာတဲ့သူက မချမ်းသာတဲ့လူကိုနှိမ်လိုက်နဲ့ စိတ်မချမ်းသာစရာ ... >> ဒီလိုအနှိမ်ခံရတဲ့အထဲ မိုးထိတို့သားအမိက ထိပ်ဆုံးက။ သူတို့ကဆင်းရဲတာကိုး။ ဒါပေမဲ့ ချမ်းသာတဲ့မိသားစုက သော်တာဟာ မိုးထိကို အရမ်းခင်တယ်။ ညီအစ်မအရင်းတွေလိုပဲ။ သော်တာက လူမှန်။ မိုးထိက ပျော်ပျော်နေတတ်တဲ့လူ။ တစ်နေ့တော့ ခြံကြီးထဲကို ပြည်ပက နေမင်း ဆိုတဲ့ သော်တာ့အကို ပြန်ရောက်လာတဲ့အခါမှာ ဇာတ်လမ်းစတာပဲ။ တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမရှိခဲ့တဲ့ မိုးထိနဲ့သော်တာတို့က နှလုံးသားရေးရာနဲ့ ပတ်သက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဝတ္ထုထဲမှာ လုံးဝခန့်မှန်းလို့ မရအောင်ကို မြင်ရမှာပါ။