သဲကိုးဖြာ
လမင်းမိုမို
800 Kyats ကျပ်
ခင်မင်းနဲ့ ရတုက သမီးရည်းစားတွေ။ ခင်မင်းက ကောင်းကောင်းနေချင်၊ ကောင်းကောင်းစားချင်တဲ့ စိတ်ရှိတယ်။ ရတုကတော့ တကယ်ကို ရိုးသားပြီး အနေအေးတဲ့ ကောင်လေးပါ။ သူတို့နှစ်ယောက်လုံးက ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းလာရတဲ့သူတွေ။ နောက်တော့ မကြံရဲ့ အလုပ်မှာ သူတို့ ဝန်ထမ်းအဖြစ် အလုပ်လုပ်တယ်။ ရတုကို တွေ့တွေ့ချင်းပဲ မကြံက ဒါဟာ သူ့ရဲ့ ဖူးစာဖက်ဆိုပြီး တစ်ဖက်သတ် ဆုံးဖြတ်လိုက်တယ်။
>> ဒီလိုနဲ့ မကြံဟာ ရတုနဲ့ အနေနီးလာဖို့ နည်းအမျိုးမျိုးသုံးပြီး ကြိုးစားခဲ့တယ်။ ရတုနဲ့ လက်ထပ်ဖြစ်ဖို့ ၊ ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုနည်းမဆို သုံးမယ့်အနေအထားရှိတယ်။
>> တစ်ဖက်မှာလည်း ခင်မင်းကို မကြံရဲ့ အစ်ကိုဖြစ်သူ ကိုကိုနိုင်က စိတ်ဝင်စားမိသလို၊ ခင်မင်းကလည်း ကိုကိုနိုင်အပေါ် သာမန်ထက်ပိုပြီး အလေးပေးဆက်ဆံလာတဲ့အခါ…
>> အတ္တကို ရှေ့တန်းတင်တတ်တဲ့ စိတ်ထားတွေ၊ စစ်မှန်တဲ့ချစ်ခြင်းတွေ၊ မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ဒီဝတ္ထုက တကယ်ကိုဖတ်လို့ကောင်းပါတယ်။