တွဲလက်မြဲမြဲ

လမင်းမိုမို

800 Kyats ကျပ်
အိမ့္ဦး က ဒီဇိုင္နာ။ သူက အလုပ်ကိစ္စစကားပြောဖို့ ဖုန်းကိုင်လိုက်ရင် ဖုန်းလိုင်းပူးတာနဲ့ အမြဲတမ်းကြုံနေရလို့ ဖုန်းလိုင်းပူးနေတဲ့ အိမ်က လူတွေကို ဒေါသထွက်နေတတ်တယ်။ ရေချမ်းကတော့ အိမ့်ဦး ဖုန်းလိုင်းပူးတဲ့ အိမ်က ကောင်လေးပေါ့။ သူကလည်း ဒီဇိုင်နာပါပဲ။ ရေချမ်းက စိတ်ထားကောင်းပြီး အပြောချိုတော့ မိန်းကလေးတိုင်း လိုလိုက သူ့ကိုသဘောကျတယ်။ အဲဒီမှာ အမှတ်မထင် အိမ့်ဦးနဲ့ ရေချမ်း ဆုံမိကြပါလေရော။ အစတုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် မသိကြပေမဲ့ စိတ်တော့ဝင်စားနေကြတယ်။ နောက်တော့ အလွဲတစ်ခုကြုံရတယ်။ အဲဒါကဘာလဲဆိုတော့ အိမ့်ဦးက ရေချမ်းကို ဒေါက်တာသံလွင်လို့ ထင်သွားတာပါ။ တကယ်တော့ သံလွင်က ရေချမ်းနဲ့ တစ်အိမ်တည်းနေတဲ့ လူတွေထဲကတစ်ယောက်ပါ။ အဲဒီလို ထင်သွားတာကနေစလို့ ဘယ်လိုအလွဲတွေ၊ ပြဿနာတွေ၊ ရင်ခုန်စရာတွေ၊ ရင်ထိတ်စရာတွေ၊ အသည်းယားစရာတွေ ဖြစ်လာမလဲဆိုတာ ဝတ္ထုထဲမှာ ခံစားကြည့်လိုက်ကြဦးနော်…!