ကိုကိုဘာလို့မုန်းတာလဲ

လမင်းမိုမို

800 Kyats ကျပ်
နွယ်ယိမ်းနွေက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ မင်းသမီးတစ်လက်။ သူက ရဲထွတ် ကို မမြင်ဖူးခင်ကတည်းက၊ နာမည်လေး ကြားဖူးကတည်းက ရင်ခုန်ခဲ့ရတာ။ နောက်တော့ သူတို့တွေ ဆုံဖြစ်သွားပါတယ်။ နွယ်ယိမ်းက ရဲထွတ်ကို ချစ်ရှာတော့ မရရအောင် လက်ထပ်ယူခဲ့တယ်။ လက်ထပ်ပြီးတဲ့နေ့ကစပြီး နွယ်ယိမ်းက အများကြီးပြောင်းလဲခဲ့တယ်။ ဇနီးကောင်းအဖြစ် ကြိုးစားပြီးနေသလို ရဲထွတ်ကိုလည်း ဂရုစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ... ဒါပေမဲ့ ရဲထွဋ်မှာက ခိုင်ဦးသောင်းဆိုတဲ့ ချစ်သူတစ်ယောက် ရှိနေခဲ့တယ်။ သူတို့နှစ်ယောက်က အရမ်းချစ်ကြတာ ... အဲဒီလိုအခြေအနေမျိုးကို နွမ်ယိမ်းက ရအောင်ယူခဲ့တာဆိုတာတော့ ရဲထွတ်က နွယ်ယိမ်းကို မုန်းတီးနေတာ။ ဒီတော့ သူတို့အိမ်ထောင်ရေးကလည်း ဘယ်သာယာမှု ရှိမလဲပေါ့။သူတို့နှစ်ယောက် ဆုံဆည်းခဲ့ကြမှု၊ ချစ်ခြင်းတွေ အားပြိုင်မှု၊ မုန်းတီးမှု၊ အထင်လွဲမှု၊ ဝမ်းနည်းမှု၊ သဝန်တိုမှု၊ မိသားစုပြဿနာတွေနဲ့အတူ ဒီဝတ္ထုက ရင်ထဲထိ ရောက်ပါတယ်လို့ ပြောရမှာပါပဲ။