ရည်းစားရဲ့ ရည်းစား

လင်းညှို့သွေး

600 Kyats ကျပ်
ဒီဝတ္ထုက ခပ်ဆန်းဆန်းလေးဗျ။ ဝတ္ထုထဲက ကောင်လေးနဲ့ ကောင်မလေးတို့က သူတို့အကြောင်း ဝတ္ထုပြန်ရေးနေတာကို ဖတ်ရမှာပါ။ ဝတ္ထုထဲကနေ ဝတ္ထုကို ဖတ်နေရတာပေါ့။ သူတို့ ဝတ္ထုထဲက ဇာတ်ကောင် ကောင်လေးနာမည်က လှိုင်း၊ ကောင်မလေးက နေဝါတဲ့။ လှိုင်းက လူချစ်လူခင်ပေါတယ်။ သူ့ နှလုံးသားကို ကစားချင်သူတွေ များတယ်။ နေဝါကတော့ လျှို့ဝှက်တယ် ပြောရမယ်။ ဝတ္ထုထဲမှာ သူက လှိုင်းရှေ့မှာ ထူးထူးဆန်းဆန်းပေါ်လာတယ်။ လှိုင်းအကြောင်း တော်တော်များများကို သိနေတယ်။ သူတို့နှစ်ယောက်ရဲ့ ဝတ္ထုဇာတ်လမ်းကို ရေးနေတဲ့ ကောင်လေးကောင်မလေးတို့ နှစ်ယောက်ဇာတ်လမ်းကို ဒီစာအုပ်မှာ ဖတ်ရမှာပါ။