ဖန်ပုလင်းထဲက အသည်းကွဲပုစဉ်းပျံ

လင်းခါး

1000 Kyats ကျပ်
ဒီဝတ္ထုဟာ ၁၉၉၆ ကနေ ၂ဝဝဝ ခုနှစ်အတွင်း ဆယ့်ခြောက်နှစ်တောင်မပြည့်သေးတဲ့ ဆယ်ကျော်သက် ချာတိတ်ကလေး တစ်ယောက်ရဲ့ အကြောင်းပါ။ ဒါပေမဲ့ အသက်ဆယ့်ရှစ်နှစ် အောက်တွေ ဖတ်ဖို့ အဆင်မပြေပါဘူး။ ညစ်ညစ်ပတ်ပတ် ဆဲတာတွေ၊ လိင်ပိုင်းဆိုင်ရာ အရေးအသားတွေ ပါနေလို့ပါ။ ကျွန်တော်ကလည်း ကျွန်တော်တို့ဆီမှာ လူတွေ တကယ်မပြောကြတဲ့ စာသားတွေနဲ့ ဇာတ်လမ်းတစ်ခုကို မတည်ဆောက်ချင်ပါ။ ကလေးဘဝ၊ ကလေးဘဝ ဆယ်ကျော်သက်ဘဝရဲ့ လိင်ပိုင်းဆိုင်ရာခံစားမှု၊ အတတ်ဆန်းချင်မှု၊ အတွေ့အကြုံ၊ နောက်ပြီးတော့ အခြားသောကိစ္စတွေ။ ကျွန်တော့်ရှေ့မှာပြောခဲ့တဲ့ ခုနှစ်တွေအတွင်းက ဆယ်ကျော်သက်လေး တစ်ယောက်ရဲ့ လူမှုဘဝဇာတ်လမ်း ဖြစ်လာပါတယ်။ အထူးခံစားချက်ကတော့ ငယ်ဘဝရဲ့ အချစ်ဇာတ်လမ်းကလေး တစ်ခုပါပဲ။ အဲဒီခေတ်ကာလဟာ ချာတိတ်ကလေးတွေအတွက် လိင်ပိုင်းဆိုင်ရာကိစ္စတွေကို အထူးတားမြစ်ပိတ်ပင်လွန်းတော့ မမှန်တဲ့ နည်းလမ်းတွေနဲ့ ပွင့်ထွက်ပြီး ဒုက္ခများကုန်ကြတဲ့ကိစ္စတွေ အများကြီးရှိခဲ့ပါတယ်။ ခုလည်း ရှိနေတုန်းပါပဲ။ ကလေးငယ်တွေအတွက် sex education ဟာ အရေးကြီးတယ်လို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။ အစစအရာရာ မပွင့်လင်းတဲ့ခေတ်ကြီးမှာ ကျွန်တော်တို့ဟာ ရှိနေပါလျက်နဲ့ ထိုးသိပ်ထားသယောင်ပြုထားရတဲ့ ကိစ္စတွေထဲ ဆယ်ကျော်သက် လိင်ကိစ္စတွေဟာ ထိပ်ဆုံးကနေပါဝင်ပါတယ်။ အထောင်းခံထားရတဲ့ ငှက်ပျောသီးတစ်လုံးလို ပြဲရွဲကြေမွလို့တောင်နေပါတယ်။ အဲဒီ ဒဏ်ရာဒဏ်ချက်တွေကပဲ ဒီနေ့ခေတ်ရဲ့ တချို့သောအစိတ်အပိုင်းတွေကို ပြဌာန်းထားခဲ့ပါတယ်။ ကြေကွဲစရာလို့ ကျွန်တော်တော့ ထင်ပါတယ်။ ဟုတ်ချင်မှလဲ ဟုတ်မှာပေါ့။