အချစ်ဖြင့်ပြီးပြည့်စုံသော

ရွှန်းရမီမိုး

600 Kyats ကျပ်
ဝေးလွင်ဖြိုး၊ မင်းပိုင်နဲ့ ကျော်ကျော်တို့က အလယ်တန်းကတည်းက တွဲလာကြတဲ့ သူငယ်ချင်းတွေ။ ဆယ်တန်းအောင်တော့လည်း သုံးယောက်စလုံးက နိုင်ငံခြားဘာသာ တက္ကသိုလ်ပဲ တက်ခဲ့ကြတာမို့ တပူးတွဲတွဲပေါ့။ သူတို့ထဲမှာ မင်းပိုင်က လူအေး။ လူအေးပေမဲ့ ရုပ်ဖြောင့်တယ်။ သူတို့မေဂျာရဲ့ King လည်း ဖြစ်တယ်။ ဝေးလွင်ဖြိုးကတော့ ရုပ်ချောတယ်ပြောမရပေမဲ့ ဆွဲဆောင်မှုရှိပြီး စတိုင်ကျတယ်၊ စကားပြောကောင်းတယ်။ ကျော်ကျော်ကတော့ သာမန်ကောင်လေးတစ်ယောက်ပါပဲ။ ဒါက တစ်ဖွဲ့။ မီးမီးခင်တို့ သူငယ်ချင်းတွေထဲမှာ မီးမီးခင်က ချစ်စရာအကောင်းဆုံးပဲ။ ဘဝမှာ အပူအပင်ကင်းပြီး အလိုလိုက် အကြိုက်ဆောင်ခံထားရသူလေး။ မီမီးခင်က စီးပွားရေး တက္ကသိုလ်ကျောင်းသူ။ အငယ်ဆုံး သမီးလေးမို့ ကလေးဆိုးလေးပေါ့။ မီးမီးခင်က Big Bag ရဲ့ အမာခံပရိသတ်။ အဲဒီနေ့က Show ပွဲသွားကြည့်ကြရင်း ဝေးလွင်ဖြိုးတို့ အဖွဲ့နဲ့ စကားများကြရာက ဇာတ်လမ်းစတယ်လို့ ဆိုရမှာပဲ။ ပွဲမှာ ရန်ဖြစ်ပြီး မီးမီးခင်ကို စွာတေးလန်မလေးအဖြစ် သူတို့က သတ်မှတ်လိုက်ကြသတဲ့။ ကဲ … လူငယ်ဆန်ဆန် ရင်ခုန်မြန်စေမယ့် ဆရာမရွှန်းရမီမိုးရဲ့ အချစ်ရသ ဝတ္ထုကောင်းလေးကို ခံစားကြည့်လိုက်ရအောင်ဗျာ။