မောင်ချစ်သော မ

ရှင်နွယ်ဟန်

200 Kyats ကျပ်
တစ်ခါတလေ လူတစ်ယောက်ဟာ မာနကြောင့်ဖြစ်ဖြစ်၊ တစ်ယောက်အပေါ်တစ်ယောက် အနိုင်ယူလိုတာကြောင့်ပဲဖြစ်ဖြစ် ဥပေက္ခာပြု အနိုင်ယူတတ်ကြတယ်။ ဒါပေမယ့် ရလာတဲ့ ရလဒ်ကတော့ ချစ်ခြင်းတွေကို ဆုံးရှုံးရတာနဲ့ စိတ်ထိခိုက်ရတာပါပဲ။ ဘုန်းမြတ်လည်းဒီလိုပဲ မေမဒီနဲ့ ကြိုက်တာလာ နှစ်နှစ်နီးပါးလောက်ရှိပြီ။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတယ်။ ဒါကြောင့် မေမဒီပြောသမျှ သူနားထောင်တယ်။ အဲဒီမှာ သူငယ်ချင်းတွေက ဝိုင်းပြီးလှောင်ပြောင်ကြတော့ ဒါကို သူမခံချင်။ အဲဒီတော့ မေမဒီကို သူကလန်ကဆန်နဲ့ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဘုန်းမြတ်မသိခဲ့တာက မေမဒီရဲ့ ရောဂါအခြေအနေက ပိုဆိုးလာနေပြီ။ လောကကြီးမှာ နေရတော့မယ့်အချိန်က သုံးလပဲရှိတော့တယ် ဆိုတာပါပဲ။ ရင်ထဲထိတဲ့ ဇာတ်လမ်းလေးမို့ ဖတ်ကြည့်စေချင်ပါတယ်။