မောင့်ရဲ့တရားဝင်ဇနီး

ရှင်နွယ်ဟန်

500 Kyats ကျပ်
စကားဝေက ဆင်းရဲတယ်၊ ပြီးတော့ ကလေးမမွေးနိုင်တဲ့ မိန်းကလေးတစ်ယောက်။ ယောက္ခမနဲ့ မိသားစုက သူ့ကိုနှိပ်စက်တယ်။ သူ့ယောက်ျား ထက်မြတ်က သူ့ကိုအရမ်းချစ်ပါတယ်။ တစ်နေ့တော့ ယောက်ျားက တင်နီလာဦးဆိုတဲ့ မိဘတွေ သဘောတူတဲ့ အမျိုးသမီးနဲ့ ခရီးသွားရင်း ကားချောက်ထဲပြုတ်ကျသွားတယ်။ အဲဒီမှာ ဝေရဲ့ ယောက္ခက သူ့ကိုအိမ်ပေါ်ကနှင်ချတယ်။ လမ်းပေါ်ရောက်တော့ ယောက်ျားသုံးယောက်က မတော်မတရားပြုကျင့်ဖို့ကြိုးစားတယ်။ အဲဒါကို ဒေါက်တာမဟာဝင့်ထည်က ဝင်ကယ်ခဲ့တယ်။ မဟာရဲ့ အမေက ဝေကို အိမ်မှာနေခွင့်ပြုလိုက်တယ်။ ပြီးတော့ ပြုပြင်ရမယ်၊ သူ့ကိုအနိုင်ကျင့်ခဲ့သူတွေကို ပြန်အနိုင်ယူရမယ်တဲ့။ တစ်ဖက်မှာလည်း ဝေရဲ့ ယောက်ျားက မသေဘူး။ အတိတ်မေ့ချင်ယောင်ဆောင်ပြီး အိမ်ပြန်ရောက်လာတယ်။ နောက်ပြီး အမေဖြစ်သူက အိမ်ထောင်ချပေးဖို့ကြိုးစားတာကိုခံနေရတဲ့ မဟာ။ မဟာနဲ့ မိဘချင်းသဘောတူထားတာကိုမသိဘဲ မဟာကို တိတ်တခိုးသဘောကျနေခဲ့တဲ့ သျှားဆက်ဆက်မိုင်။ သူတို့ရဲ့အကြောင်းတွေကို ဒီဝတ္ထုထဲမှာ စိတ်ဝင်တစားမြင်တွေ့ရမှာပါ။