မင်းအနားပဲ ရှိချင်လို့ပါ

ရှင်နွယ်ဟန်

500 Kyats ကျပ်
❤ မင်းတည်တံ့တဲ့ နာမည်နဲ့ လူနဲ့လည်းလိုက်တယ်။ ဆရာဝန်၊ လူရည်သန့်၊ စရိုက်ကလည်း တည်တည်တံ့တံ့ပဲနေတယ်။ မင်းတည်တံ့ကို တဖက်သတ် ချစ်နေသူက သော်တာဝေ။ မိဘချင်းရင်းနှီး၊ အဆင်ပြေနေတာကို အခွင့်ကောင်းယူပြီး မင်းတည်တံ့ကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့သူပေါ့။ ဒါပေမဲ့ တည်တံ့ကတော့ သော်တာဝေကို ညီမတစ်ယောက်လိုပဲ ချစ်တယ်၊ ခင်တယ်။ ❤ ဒီလိုပဲတည်တံ့ကို ချစ်နေတဲ့နောက်တစ်ယောက်က မေမြတ်နိုး။ တည်တံ့ရဲ့သူငယ်ချင်း နေမခရဲ့ ညီမ။ မေမြတ်နိုး ဆယ်တန်းကို လေးခါကျပြီးတော့ နေမခက သူ့ညီမကို စာကူပြပေးဖို့ တောင်းဆိုလို့ စာပြပေးနေရတာ။ ဒီတော့သူ့ကိုကြိုက်နေတဲ့ မချောနှစ်ယောက်ကြားမှာ တည်တံ့တစ်ယောက် ဒုက္ခရောက်ပြီပေါ့။ မိန်းမမာယာဆိုတဲ့ စက်ကွင်းတွေကြားမှာ မင်းတည်တံ့တစ်ယောက် ဘယ်ဖက်ကိုပိုအားသာပြီး တိမ်းညွတ်လာမလဲဆိုတာ စောင့်ကြည့် ဖတ်လိုက်ရအောင် !