နှလုံးသားခုံရုံးမှ စီရင်ချက်

ရှင်မြတ်နိုး

800 Kyats ကျပ်
မေစစ်မှန် က သူဌေးသမီး။ မင်းဆတ်ခ က သာမာန်အလုပ်သမားလေး။ သူတို့ဆုံဖြစ်ပုံက မင်းဆတ်ခဟာ မေစစ်တို့ ခြံဘေးက အိမ်ဟောင်းကြီးကို လာပြင်ရင်းဆုံဖြစ်ကြတာ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်း ရင်ခုန်မိသွားကြတယ်။ အဲဒီမှာ မင်းဆတ်ခက မေစစ်ကို သူဌေးသမီးလို့ မထင်ဘဲ အိမ်အကူလေးလို့ ထင်နေတာပါ။ နောက်တော့ သူတို့နှစ်ယောက် သမီးရည်းစားတွေ ဖြစ်သွားကြတယ်။ သူတို့နှစ်ယောက်ရဲ့ ဘဝထဲကို ထပ်ဝင်လာတဲ့သူက မျိုးမဏ္ဍိုင်။ သူက သူလိုချင်တာကို ရအောင်ယူတတ်တဲ့လူမျိုး။ မျိုးမဏ္ဍိုင် ကလည်း မေစစ်ကို သဘောကျမိသွားတယ်တဲ့။ ဒီတော့ ဝတ္ထုက လုံးဝကို မိုက်ပြီပေါ့… အချစ်၊ မေတ္တာ၊ ဝေခွဲမရမှု၊ မိသားစုဂုဏ်သိက္ခာတွေနဲ့ ဒီဝတ္ထုက တကယ်ကို ရင်ခုန်ဖို့ကောင်းပါတယ်။