အတ္တမဲ့ အချစ်ဇုန်

ရှင်ဝိုင်း

600 Kyats ကျပ်
စာမြည်း ။ ။ "မင်းတော်တော်အောက်တန်းကျတာပဲ၊ ငါ့ရဲ့အချစ်ကို စော်ကားတာ ရင်အနာဆုံးပဲ၊ ဘာလို့ ငါ့အပေါ် ဒီလိုလုပ်ရက်တာလဲ ပြောပါ ... ပြောစမ်းပါ" ပခုံးနှစ်ဖက်ကို အားပါပါ ဖိညှစ်ရင်း စူး နားမလည်သင့် အကြေင်းများကို မေးမြန်းနေသည်။ သူ၏ ချိန်းဆိုမှုကြောင့် ချစ်သူကို မတွေ့ရသည်မှာ လနှင့်ချီနေ၍ အလွမ်းများနှစ်သိမ့်ရန် တွေ့နေကျ ကန်ဘောင်ဆီလာခဲ့ပေမဲ့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ပေ။ "ဇေး ဘာတွေပြောနေတာလဲ စူးနားမလည်ဘူး" "တော်စမ်း ... မင်းကို အသည်းအသန် လိုက်ကြိုက်နေတဲ့ ကြာကူလီကောင်နဲ့ ဖောက်ပြန်နေတာ ငါသိတယ်"