ဆိုက်ဝါးထည့်ခြင်း အတတ်ပညာ

ရဲမင်းဝင်း (မြန်မာပြန်)

1000 Kyats ကျပ်
ဒီစာအုပ်ကိုဖတ်တဲ့အခါ သတိထားစေချင်တဲ့ အချက်က မူရင်းစာရေးသူက ဆိုက်ဝါး နည်းစနစ်တွေအကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြချင်တဲ့အတွက် စာဖတ်သူကို ညွှန်ကြားနေသလို စကားပြောပုံနဲ့ ရေးသားထားပါတယ်။ ဒါပေမဲ့ စာဖတ်သူအနေနဲ့ သိထားသင့်တာက ဆိုက်ဝါး နည်းစနစ်တွေကို သိရှိနားလည်တာဟာ သူတစ်ပါးအပေါ် အသုံးချဖို့မဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ဖို့သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီနေ့ကမ္ဘာမှာ ဆိုက်ဝါးနည်းစနစ်တွေနဲ့ ကင်းလွတ်တဲ့နေရာဆိုတာ မရှိတော့ပါဘူး။ လူတစ်ဦးနဲ့တစ်ဦး ဆိုက်ဝါး ထည့်တတ်ကြသလို ဒီလို ဆိုက်ဝါး အသုံးပြုတတ်သူကိုပဲ လူရည်လည်သူ၊ လူမှုဆက်ဆံရေး ထူးချွန်သူအဖြစ် လွဲမှားစွာ ယူဆနေကြပါတယ်။ တကယ်တော့ ရိုးသားမှုကသာ အကောင်းဆုံး လက်နက်ဖြစ်တယ် ဆိုတာ စာဖတ်သူတွေကို သိစေချင်ပါတယ်။ သတင်းတု သတင်းမှား အန္တရာယ်က ကျွန်တော်တို့လို ဒီဂျစ်တယ် စာတတ်မြောက်မှု နည်းပါးတဲ့ နိုင်ငံအတွက် တော်တော်ကြောက်စရာကောင်းတဲ့ အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ သတင်းတု သတင်းမှား ဖြန့်ချိတဲ့ နည်းစနစ်တွေဟာလည်း ဆိုက်ဝါး နည်းစနစ် တွေပါပဲ။ ဒီစာအုပ်ကနေ ကျွန်တော်တို့ ပြည်သူတွေအပေါ် ကျရောက်တဲ့ သတင်းတု သတင်းမှား အန္တရာယ်တွေကို တစ်ထောင့် တစ်နေရာက ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ စိတ်ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကို စာဖတ်သူတိုင်း နားလည် လွယ်မယ့် စကားလုံးတွေ အသုံးပြုပြီး ဘာသာပြန်ဆိုထားပါတယ်။ စာဖတ်သူအားလုံး မိမိတို့အပေါ် ကျရောက်လာမယ့် ဆိုက်ဝါး အန္တရာယ်များကို ကာကွယ်နိုင်ပြီး အကြောက်တရားကင်းစွာနဲ့ လွတ်လပ်သာယာဝပြောတဲ့ ဘဝတွေကို တည်ဆောက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။