မရဏ ရှင်းတမ်း

ရာဇမင်း(ဓနုဖြူ)

200 Kyats ကျပ်
ဧရာဝတီမြစ်ကမ်းဘေးက စိမ်းသာမြေရွာ ဆိုတဲ့ တံငါရွာကလေးမှာ ပေါ်ပေါက်ခဲ့တဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်တစ်ခု။ မောင်စိန်တို့ မိသားစုအပေါ်ကိုမှ ဒီ ကံကြမ္မာဆိုးက တည့်တည့်ဝင်လာခဲ့ပုံက၊ ဇနီးဖြစ်သူ အေးပုံ ပိုးထိ (မြွေကိုက်) ခံရလို့တဲ့။ ဗိန္ဒောဆရာနဲ့ ကုသလို့ ပျောက်သလိုလို ဖြစ်သွားတယ်လို့ ထင်ရပေမယ့်၊ မြွေကိုက်ခံရပြီးနောက်ပိုင်း အေးပုံရဲ့ အပြုအမူ အပြောအဆိုတွေက တစ်နေ့တခြား ထူးခြားလာတယ်။ ကြက်သီးထ ကျောချမ်းစရာတွေ ဆက်တိုက် ဖြစ်လာတော့တာပဲ။ ကဲ၊ ဘာကြောင့်ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ဆိုတာကိုတော့ ဒီဝတ္ထုလေးမှာ ကိုယ်တိုင်ပဲ ဆက်လက် ဖတ်ရှုကြည့်ကြပါဦးဗျာ။