ညွှန်း

ယွန်းပိုးဖြူ

300 Kyats ကျပ်
'ဓနတိုး' က အချစ်ကြီးတယ်။ ပိုင်ဆိုင်လိုစိတ် ပြင်းထန်တတ်တဲ့သူ။ ‘အာကာ’ ကို ပထမဆုံးစတွေ့ကတည်းက ချစ်မိသွားခဲ့တာ။ အဲဒီနောက်မှာတော့ အာကာ နောက်ကို တစ်ချိန်လုံးလူလွှတ်ပြီး အာကာ အကြောင်းတွေ စုံစမ်းခိုင်းတော့တယ်။ နောက်တော့ အာကာနဲ့ ရင်းနှီးအောင် အာကာသူ့ဘေးနားရောက်ပြီး သူ့ကိုချစ်လာအောင် စနစ်တကျအကွက်ချပြီး စီစဉ်တော့တယ်။ တစ်နေ့... အာကာစာသင်ပြီး ပြန်လာတော့ လမ်းမှာ မူးလဲနေတဲ့ လူတစ်ယောက်ကိုတွေ့လို့ စေတနာတွေပိုပြီး အိမ်ခေါ်သွားမိတယ်လေ။ အဲဒီလူက အာကာ ကို ချောင်းနေတဲ့ ဓနတိုး ပေါ့။ နောက်တော့ အာကာရဲ့ ရုတ်တရက်ဖြစ်လာတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရင်း အာကာ ကို နေစရာနဲ့ အလုပ်ပါပေးတာကြောင့် သူခေါ်ရာနောက်ကို အာကာ လိုက်သွားမိတယ်။ ဒါပေမဲ့ အာကာထင်သလို ဓနတိုးဘက်က ရိုးရှင်းမနေတဲ့အခါ…။ ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ဇာတ်လမ်းထဲမှာ ခံစားကြည့်လိုက်ကြပါနော်။