ချစ်နေရုံလေး

ယွန်းပိုးဖြူ

အခမဲ့
ဝသုန်နဲ့နေသူရိန်က သိပ်ချစ်ကြတဲ့ ညီအစ်ကိုတွေ။ မိဘတွေဆုံးပါးသွားပြီးကတည်းက ဒေါ်လေးရဲ့စောင့်ရှောက်မှုအောက်မှာ တစ်ယောက်အပေါ်တစ်ယောက် မှီခိုရင်း ကြီးပြင်းလာခဲ့ကြတာ။ တစ်ရက်မှာ နေသူရိန်အလုပ်လုပ်နေတဲ့ Company ကို ဝသုန်လေး သွေးတွေနဲ့ရောက်လာပြီး နေသူရိန်အရှေ့မှာတင် မေ့လဲကျသွားခဲ့တယ်။ ဆေးရုံကိုအချိန်မီပို့လိုက်ပေမဲ့ အသက်မမှီတော့ဘဲ ဝသုန်လေး အသက်ဆုံးပါးသွားခဲ့ရတယ်။ ဓားထိုးဒဏ်ရာဖြစ်လို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့ ဘာသက်သေမှမတွေ့ခဲ့တာကြောင့် မတော်တဆမှုအနေနဲ့ပဲ ပြီးဆုံးသွားတယ်။ နောက် ၄နှစ်ကြာတဲ့အခါမှာ နေသူရိန်ဆီ ဝသုန်လေးကို သတ်ခဲ့တဲ့ တရားခံက 'နက်ရှိုင်းကြယ်' အမည်နဲ့ ရောက်လာခဲ့တဲ့ အခါ ဘာတွေဆက်ဖြစ်ကြမလဲ? အခုပဲ ဒီ Novel ကိုဖတ်ရှုကြည့်လိုက်ကြရအောင်လိုက်ပါ …