အချစ်မှန်းမသိတဲ့လျှို့ဝှက်ချက်

မြပုလဲသွယ်

800 Kyats ကျပ်
ခင်မ က တက္ကသိုလ်ကျောင်းဆရာမလေး။ သူက အမေဖြစ်သူ နေမကောင်းဖြစ်လို့ နေရပ်ကို ပြန်လာတယ်။ အဲဒီမှာ ခွန်ထွန်းဦး ဆိုတဲ့ လူနဲ့ ဆုံတွေ့ခဲ့ရတယ်။ ခင်မက ခွန်ထွန်းဦးရဲ့ ဆုံးသွားတဲ့ချစ်သူနဲ့ တော်တော်တူတာတဲ့။ သူက ခွန်ထွန်းဦးကို သဘောမကျပုံပြပေမဲ့ ခွန်ထွန်းဦးကတော့ ခင်မ နားကို မရရအောင်ကပ်ပါတယ်။ ကံတရားကလည်း သူတို့နှစ်ယောက်ကို မကြာခဏဆိုသလို ဆုံတွေ့စေနေတာကိုး။ ဒါပေမဲ့ ခင်မ မှာ ဆရာလို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ နောက်ပြီး အဲဒီလူကို ခင်မက သဘောကျပုံရတယ်။ ဒါဆို အဲဒီလူကဘယ်သူလဲ? ဒီဝတ္ထုထဲမှာ သူတို့သုံးယောက်တင် ရှုပ်တာမဟုတ်ဘူးနော်။ ခင်မ ရဲ့ မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေ အများကြီးနေတဲ့ သော်ကမြိုင်အိမ်ကြီးက မိသားစုရေးရာကလည်း တော်တော်ရှုပ်သေးတယ်။ ဒီလိုရှုပ်ထွေးမှုတွေကပဲ ဝတ္ထုကို ပိုပြီး အသက်ဝင်စေတယ်လို့ဆိုရမယ်။ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေပါတော့ ဝတ္ထုက ပိုပြီးမိုက်သွားတာပေါ့။ ဖတ်ကြည့်ပါဦး။