မဂၤလာပါဆရာမ

ပုညခင်

2000 Kyats ကျပ်
ဒီစာအုပ်ကတော့ ဆရာမပုညခင်ရဲ့ ငယ်လက်ရာ လက်ရေးစာမူလေးကို ယခုအခါ စာဖတ်သူတို့လက်ထဲ အမှတ်တရအနေနဲ့ ပြန်လည်ပေးပို့ခဲ့တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ အဆောင်နေ မိန်းကလေးတွေကို မြင်တွေ့ရတိုင်း ရွာကျောင်းကလေးကို စွန့်ခွာပြီး ရန်ကုန်မြို့ကြီးဆီ အထင်တကြီး ရောက်ရှိလာခဲ့ပေမဲ့ အထင်ကြီးစရာ ရှာမတွေ့နိုင်ခဲ့တဲ့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင် ကျောင်းဆရာမကလေး။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်ကာလကတည်းက ရေးသားခဲ့တဲ့ စာမူဖြစ်တာကြောင့် အဲဒီခေတ်ကာလ ပညာသင်ကြားမှု အခြေအနေနဲ့ ယခုလက်ရှိ ပညာရေးအခြေအနေတွေကို နှိုင်းယှဉ်လေ့လာနိုင်မှာ ဖြစ်သလို အဲဒီကာလတုန်းက မိန်းကလေးတစ်ယောက်ရဲ့ မြို့ပြမှာ ရုန်းကန်ရတဲ့ အခက်အခဲတွေ၊ နာကျင်မှု ဝေဒနာတွေကိုလည်း အခုခေတ် မိန်းကလေးများရဲ့ ရပ်တည်ရုန်းကန် ရှင်သန်နေကြရတဲ့ ဘဝတွေကို နှိုင်းယှဉ်နိုင်မှာ ဖြစ်ပါတယ်။ ကဲ … ဖတ်ကြည့်ပါဦးနော်။