လှေကားထောင့်လေးမှာ ရှိတယ်

မိုးစွေ

800 Kyats ကျပ်
မိုးကအေးအေး၊ စောင်ခြုံကွေးရင်း ကြက်သီးထဖို့ကောင်းတဲ့ ချောက်ချောက်ချားချား ပရလောက ဖြစ်ရပ်ဆန်းတွေကို ဝတ္ထုတိုတွေ အဖြစ် ဖတ်ရှုရမယ့် စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒါ့ပြင် ပရလောကနဲ့ ပတ်သက်ပြီး ဂမ္ဘီရဆန်တဲ့ ကိစ္စတွေနဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကိုပါ မြင်ရဦးမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ - ‘လှေကားထောင့်လေးမှာရှိတယ်’ ၊ ‘ဘဝကူးမကောင်းသူ’ ၊ ‘တဲအောက်ကဘယ်သူလဲ’ ၊ ‘ညမအိပ်ရ’ … စတာတွေ အပါအဝင် စိတ်ဝင်စားစရာ ပရလောကနောက်ခံ ဝတ္ထုတိုများကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။