သၾကၤန္အိပ္မက္သူ

မိုးစွေ

200 Kyats ကျပ်
ထိတ်လန့်ချောက်ချားစရာကောင်းတဲ့ ပရလောက နောက်ခံ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ ‘သင်္ကြန်အိပ်မက်သူ’ ။ ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုပြီးသွားတဲ့အခါ တစ်နှစ်လုံး စာတွေနဲ့ နပန်းလုံးခဲ့ရတဲ့ ကျောင်းသူကျောင်းသား သူငယ်ချင်းတစ်စု အပန်းဖြေခရီးထွက်ဖို့ တိုင်ပင်ကြတယ်။ ထွန်းသစ်၊ လင်းမြတ်၊ သော်တာနှင်း၊ ဝါဝါလင်း၊ နိုင်ဝင်း၊ တိုးကြီး၊ ကျော်သက် … စတဲ့ ဆယ်တန်းဖြေပြီးစ ဆယ်ကျော်သက်လူငယ် သူငယ်ချင်းတစ်စုဟာ စာမေးပွဲအပြီး သင်္ကြန်ကာလအတွင်း ငပလီကမ်းခြေမှာ အနားယူအပန်းဖြေဖို့ ပြင်ဆင်ကြပါတော့တယ်။ အဝေးပြေးကားနဲ့ ငပလီခရီးစဉ်က ပျော်ရွှင်စရာပေါ့။ ဒီခရီးမှာ ထွန်းသစ်က အပျော်ဆုံး။ သူက သော်တာနှင်းကို တိတ်တခိုးလေး ချစ်နေသူတစ်ယောက်ကိုး။ ချစ်ရသူနဲ့ အတူတူ ခရီးထွက်လာရတဲ့ ခံစားမှုက သူ့အတွက် ဘာနဲ့မှ မလဲနိုင်ဘူး။ ဒီလိုနဲ့ သူတို့ သူငယ်ချင်းတစ်စု ငပလီကမ်းခြေက ဟိုတယ်ဆီ ရောက်လာခဲ့ကြတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သူငယ်ချင်းတစ်စုရဲ့ အပျော်ခရီးစဉ် ပထမဦးဆုံး ညမှာပဲ တုန်လှုပ်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်လာတဲ့အခါမှာတော့ … ။