ဝေးခဲ့သည့်နေ့မှစ၍

မိုးသားကျူးရင့်

500 Kyats ကျပ်
>> တစ်ခါတလေ မိသားစုတွေကြားထဲမှာ နားလည်မှုလွဲပြီး အိုးကွဲအိမ်ကွဲဖြစ်ကြရတယ်မှတ်လား။ ဂုဏ်လင်္ကာသွေးတို့ မိသားစု .... သူနို့စို့အရွယ်မှာ အမေဖြစ်သူ မိန်းအလင်္ကာက အိမ်ကထွက်သွားခဲ့တယ်။ အဖေ မိန့်ခွန်းဘုရင်နဲ့ ကွာရှင်းတာလည်းမဟုတ် ဒီအတိုင်းကို ထွက်သွားတာ။ သူ့ရဲ့မိဘနှစ်ပါးစလုံးက မာနဆိုတဲ့ အရာကြောင့် ဝေးကွာကြရတယ်။ ဂုဏ်လင်္ကာသွေးကတော့ ကြားထဲက မြေစာပင်ပေါ့။ သူ့အမေကို သူမနှစ်မြို့ အမေလို့တောင်မခေါ် အန်တီပဲခေါ်တယ်။ ဂုဏ်လင်္ကာသွေး အရွယ်ရောက်တဲ့အချိန်မှာ အမေဖြစ်သူ ပြန်ရောက်လာတယ်။ အဲဒီအချိန်က စပြီးတော့ သူတို့မိသားစုလေးထဲမှာ မထင်မှတ်တာတွေ ဖြစ်လာတော့တာပေါ့! ဒီဝတ္ထုထဲမှာ မာနကြောင့် ပြိုကွဲပျက်စီးရတာတွေ၊ အချစ်ရဲ့စွမ်းအားက သိပ်ကိုကြီးမားတာ၊ မိဘမေတ္တာက အတိုင်းအဆမဲ့ နွေးထွေးတာတွေကို ခံစားရပါလိမ့်မယ်။ ဖတ်ကြည့်လိုက်ရအောင်နော်!