ငြိမ်းကိုရှက်ပါ

မိုးမိုး (အင်းလျား)

1500 Kyats ကျပ်
ဒီစာအုပ်ကတော့ ဆရာမရဲ့ နာမည်ကြီး ဘဝသရုပ်ဖော်ဝတ္ထုရှည်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။ ဝတ္ထုထဲက ငြိမ်း ဆိုတဲ့ ကောင်မလေးဟာ ဘဝပေးကံမလှလို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်သူတစ်ဦး။ မသန်စွမ်းဖြစ်ပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်သူတစ်ဦး၊ အမှန်တရားကို မြတ်နိုးသူတစ်ဦး၊ ဖောက်ပြန်မှုကို မနှစ်မြို့သူတစ်ဦးပါ။ ဒါပေမဲ့ ကံပစ်ချရာ နေရာမှာ လှုပ်ရှားရုန်းကန်ရမှု မရှိဘဲ လူတွေရဲ့ အမြီးအမောက် မတည့်လှတဲ့ ဖြစ်ရပ်တွေကို ဘေးကနေပြီး အနှစ် နှစ်ဆယ်လုံးလုံး ထိုင်ကြည့်နေခဲ့ရသူ တစ်ဦးဖြစ်ခဲ့ရတယ်။ မကြားချင်တာတွေကို နေ့တိုင်းကြားခဲ့ရတယ်။ ဖောက်ပြားတတ်တဲ့ လူ့သဘောသဘာဝတွေ၊ မိသားစုအတွင်းက လောဘ၊ ဒေါသ၊ မောဟတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့ခဲ့ရတယ်။ ဆရာမ ဖန်တီးထားတဲ့ ငြိမ်း ဆိုတဲ့ ဇာတ်ကောင်ဟာ ဘယ်လောက်အထိ အသက်ဝင်သလဲဆိုရင် ဖတ်နေရင်း သူ့ကို ကိုယ်ချင်းစာမိတယ်။ သူနဲ့ အတူ ရင်မောရတယ်။ မွန်းကျပ်မိတယ်။ ငြိမ်းရဲ့ ဟန်ဆောင်အားတင်းထားရမှုတွေကို ကရုဏာသက်မိတယ်။ ဒါကြောင့် ဝန်ဇင်းက စာဖတ်ပရိသတ်တို့ အနေနဲ့ ကိုယ့်ဘဝမှာ အခက်အခဲ၊ စိတ်ဓာတ်ကျစရာတွေ ကြုံလာခဲ့ရင် ဒီဝတ္ထုလေးကိုဖတ်ပြီး ငြိမ်းဆိုတဲ့ ကောင်မလေးလိုမျိုး စိတ်ခွန်အားတွေ၊ မျှော်လင့်ချက်တွေ မွေးမြူကြပါလို့ တိုက်တွန်းရင်း ဝတ္ထုကို ညွှန်းဆိုလိုက်ရပါတယ်။