ပျောက်သောလမ်းမှာ စမ်းတဝါး

မိုးမိုး (အင်းလျား)

1500 Kyats ကျပ်
ဒီဝတ္ထုကတော့ ဘဝသရုပ်ဖော်တွေကို ရေးသားရာမှာ အထူးပြောင်မြောက်တဲ့ ဆရာမ မိုးမိုး(အင်လျား) ရဲ့ အကောင်းဆုံးလက်ရာလို့ စာပေသမားတွေညွှန်းဆိုကြတဲ့ ဝတ္ထုတစ်အုပ်ပါပဲ။ ဒီလုံးချင်းဝတ္ထုရှည်နဲ့ ဆရာမဟာ ၁၉၇၄ ခုနှစ်၊ အမျိုးသားစာပေ ဝတ္ထုရှည်ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီဝတ္ထုကို ရုရှားနဲ့ ဂျပန်ဘာသာတွေကို ပြန်ဆိုပြီးထုတ်ဝေခဲ့ပါသေးတယ်။ ဇာတ်လမ်းက အသစ်သစ်စက်စက် အိမ်ထောင်ကျကာစ လူငယ် ဇနီးမောင်နှံနှစ်ဦး နေရေး၊ ထိုင်ရေး၊ လူမှုရေးနဲ့ ဆွေရေးမျိုးရေးတွေကြောင့် အခက်တွေ့ရပုံကို ရေးသားထားတာပါ။ ဆရာမဟာ ဝတ္ထုထဲမှာ ဇနီးသည်ဖြစ်သူ 'လှိုင်' ဆိုတဲ့ အမျိုးသမီးဘက်ကနေ တင်ပြထားတယ်။ အိမ်ထောင်သည်ဘဝမှာ သမီးရည်းစားဘဝကလိုမျိုး ကြည်နူးမှုတွေ၊ ပေါ့ပါးမှုတွေ ရမယ်လို့ ထင်မြင်ခဲ့တဲ့ လှိုင်၊ ခဏတာ စိတ်ခံစားချက်ကို ဦးစားပေးခဲ့တဲ့ လှိုင် တစ်ယောက် အိမ်ထောင်သည်ဘဝကို စမ်းတဝါးဝါးနဲ့ ဖြတ်သန်းရပုံကို ရင်မောဖွယ် ရေးသားခြယ်မှုန်းထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက ဖြေးဖြေးလေးနဲ့ ဇာတ်သိမ်းကိုခေါ်သွားတယ်။ ဇာတ်လမ်းထဲမှာ အိမ်ထောင်သည်ဘဝရဲ့ အခက်အခဲတွေ၊ တာဝန်ဝတ္တရားတွေကို မြင်တွေ့ရမယ်။ အခုခေတ် စားဝတ်နေရေး ပြဿနာနဲ့ဆို အိမ်ထောင်ပြုဖို့တောင် နှစ်ခါမကဘူး ပြန်စဉ်းစားသွားစေမယ့် ဝတ္ထုမျိုးလို့ဆိုရမယ်။ သေချာတာကတော့ ဇာတ်လမ်းက ဆွဲဆောင်အား ကောင်းလွန်းလို့ ဖတ်နေရင်း ရင်မောနေရတာတောင် ဘာဆက်ဖြစ်မလဲ? ဘာဆက်ဖြစ်မလဲ? ဆိုပြီး စာအုပ်ကို လက်ကမချချင်အောင် ဖတ်မိသွားစေမယ့် ဝတ္ထုပါ။ ဒါကြောင့် အောက်ကလင့်ခ်ကိုနှိပ်ပြီး အခုပဲဖတ်ရှုလိုက်တော့ဗျို့။