ဘယ်သူလာ ကူပါ့မယ်

မိုးမိုး (အင်းလျား)

1500 Kyats ကျပ်
သည်လိုမှန်းသာသိလျှင်ဖြင့် အစက မောင့်အချစ်ကို နွယ် လက်ခံမိမည်မဟုတ်။ မောင့်ကိုသာ မချစ်မိခဲ့လျှင် ယခုလို သံယောဇဉ် အမျှင်တန်းရသည့်အဖြစ်မျိုး၊ စိတ်နှလုံး ညစ်နွမ်းပင်ပန်းရသည့် အဖြစ်မျိုးကိုလည်း ကြုံရမည်မဟုတ်။ ယခုတော့ တိမ်တိုက်ဖြူဖြူ ကြားတွင်ပင် မောင့်မျက်နှာကို မြင်ရလေမလားဟု ဝိုးတဝါး ဖွေရှာမိသည်အထိနွယ့်စိတ်တို့ မတည်မငြိမ် ဖြစ်ခဲ့ရသည်။ လေယာဉ်သည် သိမ့်ခါ၍ သွားလေသည်။ တိမ်တိုက်တို့သည် လေဟာပြင်ထဲတွင် နေရာလုကာ တိုးတိုက် ရွေ့လျားနေကြသည်။ တိမ်တို့မှ လွတ်သည့်အခိုက်တွင် လေယာဉ်တွင်းမှာ လင်းခနဲ ဖြစ်သွားလေသည်။ နွယ်က ဤအဖြစ်ကိုပင် လူ့ဘဝနှင့် နှိုင်းယှဉ်မိ၏။ နွယ့်ဘဝသည် တိမ်တို့ ကြားတွင်ပင် ရှိပါသေးကလား။ တိမ်တိုက်ကြားတွင် တိုးဝင်ဖြတ်သန်းဆဲပါကလား ....