ငပလီဇာတ်လမ်း

မိုးမိုး (အင်းလျား)

1500 Kyats ကျပ်
ဒီဇာတ်လမ်းက အရင်ခေတ် ငပလီကို အလွယ်တကူ သွားလို့မရတဲ့ အချိန်ကာလတစ်ခုကို အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ အေးငြိမ်းက ငပလီရွာလေးတစ်ရွာက ကောင်မလေးတစ်ယောက်ပေါ့။ သူတို့မိသားစုက နေအိမ်ကို ဧည့်ရိပ်သာအဖြစ် ငှားစားတဲ့လုပ်ငန်းနဲ့ သက်မွေးဝမ်းကျောင်းတယ်။ ဒီတော့ လူပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံ၊ ဇာတ်လမ်းပေါင်းစုံကို အေးငြိမ်းတစ်ယောက် မြင်တွေ့ရတယ်။ ဒီလိုအတွေ့အကြုံကို ဆရာမ မိုးမိုး(အင်းလျား)က ခရီးသွားဧည့်သည်တွေ အမြင်ဘက်ကမဟုတ်ဘဲ ငပလီက ဧည့်ရိပ်သာငှားစားတဲ့ နယ်ခံကောင်မလေးအေးငြိမ်းဘက်က မြင်တဲ့အမြင်ကို ဝတ္ထုထဲမှာ ရေးသားထားတာပါ။ အေးငြိမ်းရဲ့ ရိုးရှင်းတဲ့ အမြင်လေးတစ်ခုကို ပြောရမယ်ဆိုရင် - "သူတို့က ဒီနေရာလာပြီး အပန်းဖြေကြတာတဲ့။ ဘာတွေများ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ကြရလို့ အပန်းဖြေချင် ကြရတာပါလိမ့်။ သူတို့ကြည့်ရတာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့ ပုံမျိုးလည်း မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲတွေလည်း ဟုတ်ဟန် မတူပါဘူး။ ဒါနဲ့များ တစ်နှစ်တစ်ခါလာပြီး အပန်းဖြေ ကြရသတဲ့။ အံ့ရော" တဲ့ ... ဖတ်ရှုခံစားကြည့်ကြပါဦး။