ဂ်ိဳး

မိုးမိုး (အင်းလျား)

1500 Kyats ကျပ်
ဆရာမကြီး မိုးမိုး(အင်းလျား) ရဲ့ စာအုပ်တိုင်းဟာ ဘဝအမှားတွေကို မီးမောင်းထိုးပြထားတာတွေချည်းပါပဲ။ "ဂျိုး ကမူ သူ့ဘဝသူဖျက်ဆီးနေသူ" တဲ့။ ဒါဟာ ဇာတ်လမ်းထဲက ဂျိုးရဲ့အစ်မ မမမြ ပြောတဲ့စကားပါ။ ဂျိုး ဆိုတာ သူရဲ့မွေးစားမိဘတွေက ချစ်စနိုးနဲ့ခေါ်တဲ့ နာမည်။ သားယောကျာ်းလေးလိုချင်လို့ အရူးအမူးဖြစ်နေသူ ပဲခူးမြို့ရဲ့ အထက်တန်းလွှာ ပွဲရုံပိုင်ရှင်သူဌေး ဦးစိန်မောင်တို့ အိမ်ကို ဂျိုးရောက်လာတာဟာ ဂျိုးအတွက် ကံကောင်းမှုကြီးလား ပျက်စီးဖို့လမ်းစရယ်လားမသိ။ ဂျိုး က သူ့မွေးစားအဖေရဲ့ အလိုလိုက်မှုတွေကြောင့် ဗိုလ်ကျအနိုင်ကျင့်တတ်လာပြီး ဆိုးမှန်းမသိ ဆိုးသွမ်းသလိုဖြစ်လာတယ်။ သူ့မွေးစားအဖေရဲ့ တူနဲ့တူမရောက်လာတော့ သူ့ကိုအလေးမထားတော့ဘူးဆိုတဲ့စိတ်နဲ့ သူဌေးသားခင်စိုးမောင်နဲ့ပေါင်းပြီး ပျက်စီးလာတယ်။ သူက မွေးစားသားဆိုတာသိပြီးတဲ့နောက်မှာ ပိုပြီးထင်ရာစိုင်းလာခဲ့တယ်။ သူ့စိတ်နဲ့ သူ့မွေးစားအမေလည်းဆုံး သူ့မွေးစားအဖေဖြစ်သူလည်း သောကတွေများရ၊ မမမြကလည်း ကြားထဲကအရူးမီးဝိုင်းနဲ့ ဒုက္ခတွေပင်လယ်ဝေခဲ့ရတယ်။ ဂျိုး ဟာ ငယ်ရွယ်စဉ်ပဲ့ပြင်နိုင်တဲ့အရွယ်မှာ အလိုလိုက်ခဲ့မိတဲ့ ဦးစိန်မောင်ကြောင့်ပဲ ပျက်စီးရတာလား ဘယ်လိုအကြောင်းတရားကြောင့် ထိန်းမရတဲ့ လူဆိုးတစ်ယောက်ဖြစ်လာရသလဲဆိုတာ ဝန်ဇင်းရဲ့ စာဖတ်ပရိတ်သတ်ကြီးတို့ကိုယ်တိုင် ဖတ်ရှုခံစားကြည့်လိုက်ကြပါဦး။ ဒီဝတ္ထုထဲမှာ မွန်းကျပ်မှုတွေအပြည့်ကို ခံစားသွားရမှာဖြစ်ပြီး ဘဝသင်ခန်းစာတွေကိုလည်း သင်ယူနိုင်မှာဖြစ်ပါတယ်။