ဖြတ်သန်းသွားလာခွင့်မရှိ
မိုးနီလွင်
400 Kyats ကျပ်
...‘’ဘယ်တော့မှမတူညီနိုင်မယ့်
ယောက်ျားနဲ့ မိန်းမဆိုတဲ့
ဆန့်ကျင်ဘက် နယ်နမိတ်နှစ်ခုကို…
ပိုင်းခြားကန့်သတ်ပေးဖို့
တားမြစ်ရေးဆွဲထားတဲ့ မျဉ်းကြောင်းတစ်ခုဟာ
ခိုင်ခိုင်ခန့်ခန့်ကြီးကို ရှိနေမှဖြစ်မယ်…’’ တဲ့။
ဒါ … တံခွန်တိုင်ရဲ့ ဒဿနိက ဗေဒ။
‘’ရှင်တို့ယောက်ျားတွေမှာ သိပ်ရယ်စရာကောင်းတဲ့အတ္တတစ်ခုရှိတယ်၊ အဲ့ဒါကတော့ မိန်းမတွေက ရှင်တို့ သတ်မှတ်ပေးထားတဲ့ ဘောင်တစ်ခုခုရဲ့ အပြင်ဘက်ကို ရောက်နေပြီဆိုရင် သိပ်ကို မခံချိမခံသာ ဖြစ်တတ်ကြတယ်… ဆိုတာပဲ’’ ဆိုတဲ့ ငွေကြယ်စင်နဲ့ တွေ့တဲ့အခါ လူ့ကန့်လန့် လူ့ဂွစာ တံခွန်တိုင်ရဲ့ နှလုံးသား ဘာများဖြစ်သွားလေမလဲ ဆိုတာကိုတော့ ဇာတ်လမ်းအစအဆုံး ဆက်လက်ဖတ်ရှုမှပဲ သိပါလိမ့်မယ်။