ကောင်းကင်နဲ့ ငြိနေတဲ့ သက်တံ

မိုးစက်ဝိုင်

700 Kyats ကျပ်
‘လူရယ်လို့ အလကားဖြစ်လာရတာ မဟုတ်သလို ငါတို့ ဆုံတွေ့ခဲ့ရတာကလည်း လူရယ်လို့ မတော်တဆ မဟုတ်ဘူး ကောင်မလေးရေ၊ အဲ့ဒီအတိုင်း ယုံကြည်ပစ်လိုက်ရအောင်’ ဒီစာအုပ်ကလေးကတော့ ဆရာမိုးစက်ဝိုင် ရေးသားတဲ့ အချစ်ဝတ္ထုကောင်း တစ်အုပ်ပါပဲ။ မိုးထက်ဆိုတဲ့ ပွဲစားကောင်လေးနဲ့ သက်တံ့ဆိုတဲ့ ကောင်မလေးတစ်ယောက်တို့ မထင်မှတ်ဘဲ အစပြုခဲ့တဲ့ တွေ့ဆုံမှုကနေစပြီး ရင်ခုန်စရာ အဖြစ်အပျက်တွေ တသီတတန်းကြီးကို ကြည်နူးစရာ၊ ဝမ်းနည်းစရာ ဖြစ်ရပ်တွေနဲ့ ဇာတ်အိမ်ဖွဲ့ ရေးထားတာပါ။ အချစ်ဇာတ်လမ်းကောင်းကောင်းကိုမှ ဖတ်ချင်တယ်၊ အလွမ်းအဆွေးကို အရသာရှိရှိ ခံစားချင်တယ်ဆိုရင်တော့ ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။