အိမ်မက် အက်ဆေး

မိုးစက်ဝိုင်

700 Kyats ကျပ်
ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေရင်း တစ်ညမှာ “ဗေဒါဇော်”ဟာ ထူးထူးဆန်းဆန်း အိမ်မက်တစ်ခုကို မြင်မက်ခဲ့ပါတယ်။ ပိုပြီးထူးဆန်းစွာနဲ့ အဲဒီအိမ်မက်ထဲက ကောင်မလေးကို နောက်တစ်နေ့မှာပဲ ပြင်ပလောကမှာ တိုက်ဆိုင်စွာ တွေ့လိုက်ရပြန်တယ်။ ပိုပြီး … ပိုပြီး၊ ထူးဆန်းတဲ့ တိုက်ဆိုင်မှုက သူအိမ်မက်ထဲမှာ မြင်မက်ခဲ့ရတဲ့ ပုံစံအတိုင်း အဲဒီညမှာပဲ ကောင်မလေးက တကယ်ကို ပြင်ဆင်ဝတ်စားထားကြောင်း သိလိုက်ရတာပါ။ ဒီလို အိမ်မက်တစ်ခုရဲ့ ထူးခြားဆန်းကြယ်မှု ဟာ သူတို့အတွက် ဘယ်လိုပက်သက်မှုတွေ ဖြစ်လာစေမယ်ဆိုတာကို ဗေဒါဇော်တစ်ယောက် သိချင်လာမိပါတယ်။ အဲဒီကောင်မလေးကတော့ “ခရေဝါ” လို့ ခေါ်ပါတယ်။ သူသည်လည်း ထိုအိမ်မက်ရဲ့ ထူးဆန်းစွာ တိုက်ဆိုင်မှုတွေကို သိလိုက်ရပြီးနောက် ဗေဒါဇော်လိုပဲ ခံစားလိုက်မိပါတယ်။ ထိုအခါမှာတော့ …. ခပ်ဆန်းဆန်း ဝတ္ထုဇာတ်လမ်း ဖတ်ချင်သူများအနေနဲ့ ဒီစာအုပ်ကို ဖတ်ရှုသင့်တယ်လို့ ဆိုပါရစေ။