ကြင်နာတာတွေ အားလုံးမင်းဆီမှာ

မိုဇာလျန်းဝေ

800 Kyats ကျပ်
ချောမောလှပပြီး နုငယ်ရိုးသားတဲ့ သွန်းရတနာဆိုတဲ့ မိန်းကလေး။ အသက်က (၂၀) အရွယ်။ မြင်သူတကာ နှစ်ခါပြန်ငေးရတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ သွန်းရတနာက မိဘမဲ့လည်း ဖြစ်တော့ ရုပ်ချော၊ အပြောကောင်းတဲ့ အောင်သက်ဦးဆိုသူရဲ့ ပိုက်ကွန်မှာ ငြိတွယ်မိခဲ့တယ်။ အောင်သက်ဦးရဲ့ အပြောအဆို အထိအတွေ့တွေမှာ မမြင်ဖူး မူးကို မြစ်ထင် ဆိုသလို တွယ်တာ စွဲငြိမိခဲ့တယ်။ သွန်းရတနာက ကုမ္ပဏီတစ်ခုမှာ ဝင်ငွေနည်းနည်းနဲ့ အလုပ်လုပ်နေရတာလည်း ဖြစ်၊ မိဘအသိုင်းအဝိုင်းကလည်း မရှိတော့ တွယ်တာစရာဆိုလို့ ချစ်သူပဲ ရှိတာလေ။ အောင်သက်ဦးသာ စွန့်ပစ်သွားရင် အသက်ဆက်ရှင်ဖို့တောင် မလွယ်ဘူးလို့ ယူဆထားသူ။ ဒါပေမဲ့ အောင်သက်ဦးက သူမကို တကယ်ချစ်တာ မဟုတ်မှန်း သိလာရတဲ့အခါ …