အၾကင္နာပဲ့တင္သံ

မိုဇာလျန်းဝေ

800 Kyats ကျပ်
မိခင်ဖြစ်သူရဲ့ နောက်ဆုံးထွက်သက်ကို ဝမ်းနည်းပက်လက် ငေးကြည့်နေရတဲ့ ချိုသဲကြည်အဖြစ်။ သေခြင်းတရားရဲ့ လွန်ဆန်မရနိုင်တဲ့ စက်ကွင်းအောက်မှာ သတ္တဝါတိုင်း တစ်နေ့ မလွဲမသွေ သေကြရမှာပဲ ဆိုတဲ့ နိယာမကို နားလည်ပေမဲ့ မိခင်ရဲ့ သေဆုံးချိန်ကို မျက်ဝါးထင်ထင် မြင်ရတာက ရင်ထဲ ဘယ်လို ဖြေသိမ့်နိုင်မှာလဲနော်။ တကယ်တော့ ချိုသဲကြည်တို့ သားအမိက ပြေးကြည့်မှ ဒီနှစ်ယောက်ပဲ ရှိတာ။ ဆွေမျိုးတွေဆိုတာလည်း ဘယ်ရပ်ဘယ်ဆီ မသိ။ မေမေ မရှိတော့တဲ့နောက်ပိုင်း ချိုသဲကြည်တစ်ယောက် လောကထဲ ယောင်ချာချာပေါ့။ ဘေးအိမ်က သူငယ်ချင်းနွယ်နွယ်တို့ မိသားစု ရှိနေလို့သာ ချိုသဲကြည် ဖြေသာသေးတာ။ မိခင် ရက်လည်ပြီးတဲ့နေ့မှာမှ ချိုသဲကြည်တစ်ယောက် မေမေ နောက်ဆုံးရေးချန်ခဲ့တဲ့ စာတစ်စောင်ကို သတိရမိတယ်။ ကြားရက်တွေက အပူသောကတွေကြောင့် ဒီစာကို လုံးဝ သတိမရခဲ့ဘူး။ ဒါနဲ့ပဲ နွယ်နွယ်နဲ့အတူ မေမေထားခဲ့ပေးတဲ့ စာလေးကို ဖွင့်ဖောက်လိုက်တဲ့အခါ ချိုသဲကြည်ရဲ့ဘဝမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ အံ့သြမှု၊ တုန်လှုပ်မှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှု စတဲ့ ခံစားချက်တွေ တပြိုင်နက်တည်းမှာ ခံစားလိုက်ရတယ်။ အဲဒါကတော့ ချိုသဲကြည် ငယ်ငယ်ကတည်းက သေသွားခဲ့ပြီလို့ပဲ သိထားခဲ့ရတဲ့ အဖေ။ အဖေ ဆိုတဲ့ လူတစ်ယောက် ဒီလောကမှာ ရှိနေသေးတယ်ဆိုတာပါပဲ။ ဆယ့်ကိုးနှစ်လုံးလုံး ဖုံးကွယ်ထားတဲ့ အမှန်တရားတစ်ခုကို ချိုသဲကြည် သိလိုက်ရတယ်။ ဒါနဲ့ပဲ တစ်ခါမှ မမြင်ဖူးတဲ့ ဖခင်ရှိရာဆီ ချိုသဲကြည် ထွက်လာခဲ့ပါတော့တယ်။ ဒီနောက်မှာတော့ ချိုသဲကြည်ရဲ့ ဘဝမှာ အချိုးအကွေ့၊ အပြောင်းအလဲ များစွာနဲ့ လောကဓံရဲ့ အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ ချစ်ခြင်းတစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့တဲ့အခါ …