ရင္မွာထာဝရ

မိုဇာလျန်းဝေ

800 Kyats ကျပ်
အတိတ်ဟောင်းဆိုတာ လက်ရှိဘဝအတွက် ဘယ်လိုမှ အထောက်အပံ့မဖြစ်ခဲ့ရင်တောင် ရင်ထဲမှာတော့ ခြေရာဟောင်း၊ ပန်းချီကားဟောင်းတွေအဖြစ် တရစ်ဝဲဝဲ ကြွင်းကျန်ရစ်တတ်လေ့ ရှိပါတယ်။ အထူးသဖြင့် အချစ်ဟောင်းနဲ့ နှောင်းခဲ့တဲ့ ဖြစ်စဉ်တွေပေါ့။ လှပတဲ့ အိပ်မက်တွေ ဖြစ်ခဲ့ရင်ပေါ့။ ခမ်းနားတဲ့ မျှော်လင့်ခြင်းတွေ ဖြစ်ခဲ့ရင်ပေါ့။ ဒါမှမဟုတ် … ကြည်နူးစရာ နေ့စွဲတွေ ဖြစ်ခဲ့ရင်ပေါ့လေ။ တကယ်တော့ ခင်လေးမွန်ဟာ အတိတ်ကို အရိပ်လို ခံစားနေသူပါ။ ကုမ္ပဏီပိုင်ရှင် ဦးမျိုးမင်းရဲ့ တစ်ဦးတည်းသောသမီး၊ ချောမောလှပပြီး ဝင်းဝင်းဝါဝါ သွယ်သွယ်လျလျနဲ့ လှပတဲ့ မိန်းမချောလေးဖြစ်တဲ့ ခင်လေးမွန်က ကျောင်းပြီးတဲ့အခါမှာ ဖခင်ရဲ့ ကုမ္ပဏီမှာ ဝင်မလုပ်ဘဲ ဝါသနာပါတဲ့ ဂီတအနုပညာကို လေ့လာလိုက်စားရင်း အချိန်တွေကို ဖြတ်သန်းခဲ့တယ်။ ဂီတကို ခင်လေးမွန် ချစ်တယ်၊ မြတ်နိုးတယ်၊ တန်ဖိုးထားတယ်။ ဒါကြောင့်ပဲ အတိတ်ဟောင်းတွေ ကြွင်းကျန်ရစ်စေခဲ့တဲ့ သုတအောင်ဆိုသူ တေးရေးဆရာ၊ အဆိုကျော် စန္ဒယားဆရာလေးနဲ့ ဆုံတွေ့ခဲ့တာပေါ့။ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ သုတအောင်ကလည်း ဘယ်မိန်းကလေးနဲ့မှ မပတ်သက်ခဲ့ပေမဲ့ ခင်လေးမွန်ရဲ့ အလှမှာ နှလုံးသားလေး ဒူးထောက်ဖြစ်ခဲ့ရတယ်။ ခင်လေးမွန်အတွက်မှာလည်း သုတအောင်ကို မြင်မြင်ချင်း ချစ်မိခဲ့တယ်။ ဒါပေမဲ့ … ဒါဟာ ခင်လေးမွန်အတွက် အတိတ်ပါပဲ။ လွမ်းမောစရာ၊ ကြည်နူးစရာ အတိတ်ပါပဲ။ ဒါဖြင့် ခင်လေးမွန်ရဲ့ ပစ္စုပ္ပန်ကရော ဘယ်လိုလဲ၊ ဘယ်လိုများလဲ။