ငှက်ခါးတစ်ကောင်ရဲ့ အဖြူရောင်နှလုံးသား

မိုဇာလျန်းဝေ

800 Kyats ကျပ်
“နေခြည်ရဲ့အဖြစ်ကိုလေ … ငှက်ခါးတစ်ကောင်ရဲ့ အဖြူရောင်နှလုံးသားလို့ ကိုနောင်ရဲ့ ရင်ထဲမှာ သတ်မှတ်လိုက်တယ်၊ သူ့ကျေးဇူးကြောင် ငုဝါနဲ့ ကိုနောင် ဆုံကြရတာနော်” ဆိုတဲ့ ကိုနောင်။ “နေခြည်ဟာ ငုဝါအပေါ် ဖြူစင်တဲ့မေတ္တာနဲ့ ချစ်တယ်ဆိုတာ တစိမ့်စိမ့်တွေးလေ သဘောပေါက်လေပါ၊ သူ့စရိုက်၊ သူ့ဗီဇက ဘယ်လိုရှိရှိ ဖြူစင်တဲ့နှလုံးသား သူ့မှာရှိတယ်”ဆိုတဲ့ ငုဝါ။ “နေခြည်လေ … မောင့်ကို ဘယ်သူနဲ့မှ မတူအောင် ချစ်မိတယ်၊ မောင်နဲ့သာ လွဲရမယ်ဆို နေခြည် ရူးမလားသေမလားပဲ၊ တစ်ခါမှ မခံစားဖူးတဲ့ အဲဒီလို ခံစားချက်တွေ ဖြစ်လာတယ်၊ လူတစ်ယောက်ကို နေခြည် ဒီလိုချစ်တတ်လာလိမ့်မယ်လို့ မတွေးခဲ့မိဘူး”ဆိုတဲ့ နေခြည်။ ‘နေခြည်ဆိုတဲ့မိန်းမက သွက်တယ်၊ လျင်တယ်၊ ပါးနပ်တယ်၊ အရမ်းလည်းလည်တယ်၊ ငုဝါက ထုံအပြီး ရိုးတယ်၊ နေခြည်သာ ရှေ့က ကာမနေရင် ရှေ့လျှောက် ငါ့အတွက်စားပေါက်ပဲ၊ နေခြည့်ကို တစ်နည်းနည်းနဲ့ ရှင်းပစ်ရမယ်၊ ငါ့ရှေ့ရောက်နေတဲ့ ငွေတွင်းကို အပျောက်မခံနိုင်ဘူး’ ဆိုတဲ့ မြတ်ကို။ စတဲ့ စတဲ့ ဇာတ်ကောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မေတ္တာဖွဲ့ အချစ်ရသ ဝတ္ထုရှည်တစ်ပုဒ်။ နေခြည်ဦးဆိုတဲ့ လည်လည်ဝယ်ဝယ် မိန်းကလေးတစ်ယောက်က ငုဝါဆိုတဲ့ ရိုးရိုးအအ ဒုက္ခသည်မိန်းကလေးကို ခင်မင်မိခဲ့ရာကနေ ညီမငယ်တစ်ယောက်လို မေတ္တာပို သနားမိပြီး ကူညီခဲ့ပုံတွေက စာဖတ်သူတွေရဲ့ နှလုံးသားကို ထိရှခံစားရစေမှာပါ။