ထောင်ဂျပိုး

မာန်(တောင်လုံးပြန်)

800 Kyats ကျပ်
စာရေးသူ့အမှာ ကောက်နုတ်ချက် ။ ။ တစ်ခါတစ်ရံတွင် စာပေရေးရာများနှင့် ဆုံမိသည့် ဖြစ်ရပ်များ၌ နည်းနည်းရေး၍ အများကြီး ပြောနိုင်သည့်သူများကိုတွေ့လျှင် ကျွန်တော် အံ့သြနေသည်။ သူတို့ ဘယ်လိုများ ပြောနိုင်စွမ်းပါလိမ့်ဟူ၍ လည်းကောင်း၊ တစ်ခါတစ်ရံ သူတို့ ဘာတွေများ ဒီလောက်တောင် ပြောနေပါလိမ့် ဟူ၍ လည်းကောင်း အံ့သြကြီးစွာဖြစ်ရင်း ကျွန်တော်က ကျုံ့ကာကျုံ့ကာ နောက်တွန့်နေမိတော့သည်။ ကံကောင်းလွန်းသော အခါကာလများတွင် လေးလေးနက်နက် ဖတ်ရှုနေသော စာဖတ်ပရိသတ်နှင့် ဆုံရတတ်သည်။ ဖုန်းပြောရတတ်သည်။ ထိုအခါမျိုးတွင် ကမ္ဘာကြီးမှာ မိမိကို အသိအမှတ်ပြုသူ ရှိပါသေးလားဟု တွေးကာ ခွန်အားတိုးရတော့သည်။ ကျွန်တော့်အဖြစ်က ရှေ့က ရှိခဲ့ကြသည့် ဆရာ၊ ဆရာမကြီးများကိုလည်း မမီ၊ လက်ရှိ လူသိထင်ရှား လက်စောင်းထက်နေသော ဆရာ၊ ဆရာမများနှင့်လည်း မတူ။ နေ့နေ့ ညည ဖတ်ရသည်။ ရေးရသည်။ သို့ရာတွင် ရပ်တည်ရေးကိုပင် ဟန်လှသည်မဟုတ်။ ခေတ်ကောင်းကို မျှော်ရင်း၊ စာအုပ်တွေ ထွက်နေရင်း ကိုယ်တိုင် ပျောက်ဆုံးနေရသည့် အဖြစ်။ ဤသည်ကား ကျွန်တော်ဖြတ်သန်းရသော ရသစာပေခရီး ကြမ်းအစစ်ပင်။