ရည်းစားဦးကျိန်စာ

မယ်ခိုင်

800 Kyats ကျပ်
❤ ဆယ်ကျော်သက်အရွယ် ရင်ခုန်သံဆိုတာ သံစုံတီးဝိုင်းတစ်ခုထက်တောင် ပိုပြီးဆူညံမယ်ထင်ရတာပဲ။ ဆယ်တန်းဖြေပြီးစ အရွယ်၊ တက္ကသိုလ်တက်စ အရွယ်တွေဆိုရင် စာကိုစိတ်ဝင်စားတာနည်းပြီး ရည်းစားရှာ၊ အချစ်ကိုလက်တည့်စမ်း ရူးတတ်ကြတယ်။ ဒါကလည်း ပုံမှန်ဖြစ်စဉ် မဟုတ်လား။ ❤ အခုလည်း ဝက်ကလေးလို့ စနောက်ပြီးအခေါ်ခံနေရတဲ့ 'လက်ခတ်သံ'၊ အရမ်းလှတဲ့ 'ရှင်မန'၊ ရုပ်ချောသလောက် မာနကြီးတဲ့ 'တံခွန်ယံ'၊ ရုပ်လည်းချောသလို သဘောကောင်းတဲ့ 'အားမာန်ခ'။ သူတို့ထဲမှာ 'ရှင်မန' က အကြီး၊ ကျန်တဲ့သုံးယောက်က တက္ကသိုလ်တက်စအရွယ်။ သူတို့လေးယောက်ကြားထဲက ပူလောင်တစ်လှည့်၊ အေးမြတစ်လှည့်ဖြစ်နေတဲ့ ရင်ခုန်သံတွေကို ဒီစာအုပ်ထဲမှာ ခံစားကြည့်နိုင်ပါတယ်။