သွေးဆာနေတဲ့အပျိုစင်

မင်းမြတ်သူရ

800 Kyats ကျပ်
လူသားတစ်ယောက်ရဲ့ ဘဝကို ကံကြမ္မာဆိုတာကြီးကို စိုးမိုးခြယ်လှယ်တယ်ဆိုတာ အမှန်ဆိုရင်တော့ အဲဒီကံကြမ္မာဟာ ‘ပန်းဝါ’ ဆိုတဲ့ မိန်းကလေးတစ်ယောက်အပေါ် ငြိုးရက်နိုင်လွန်းတယ်လို့ ဆိုရပါလိမ့်မယ်။ ပန်းဝါဟာ တံငါရွာကလေးတစ် ရွာမှာ မိတဆိုး မိန်းမပျိုလေးတစ်ယောက်ပါ။ ဖခင်တံငါသည်အိုကြီးနဲ့ ဘဝခရီးကြမ်းကို ဖြတ်သန်းရင်း ရိုးရိုးသားသားနေထိုင် ခွင့်ကို ကံကြမ္မာက မပေးခဲ့ပါဘူး။ အထူးသဖြင့်တော့ လှပလွန်းတဲ့ ပန်းဝါလို မိန်းကလေးအတွက် ယောက်ျားတွေရဲ့ ရမ္မက် သားကောင်အဖြစ် အကြိမ်ကြိမ်အလီလီ ဘဝပျက်ခဲ့ရပါတယ်။ ဒီလိုနဲ့ ပန်းဝါဟာ ကံကြမ္မာရဲ့ အငြိုးတကြီးထုဆစ်မှုကြောင့် ပုရိသတွေရဲ့ သွေးကိုမှ ဆာလောင်လေတဲ့ မုဆိုးတစ်ပိုင်း မိန်းမရိုင်း ဖြစ်လာတဲ့ အခါမှာတော့ ထိုကံကြမ္မာတရားကြီးကပဲ ဘယ်လိုမျိုး စေစားပိုင်စို ကကစားပြန်လေတယ်ဆိုတာက ရင်သက်ရှုမောရမယ့် ဇာတ်ကွက်တွေပါ။ ကံကြမ္မာရဲ့ ရိုက်ခတ်မှု၊ လူ့အသိုင်းအဝိုင်းရဲ့ ကောက်ကျစ်မှု၊ ပုရိသယောက်ျားတွေ ရဲ့ တဏှာရမ္မက် စတဲ့ ဆိုးညစ်မှုတွေကြား အငြိုအတေးကလဲ့စားနဲ့ မိန်းမတစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားရမှုကို ဒီဝတ္ထုမှာ စာဖတ်သူတို့ ရင်တလှပ်လှပ်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လောကကြီးမှာ သားကောင်ဟာလည်း မုဆိုးတစ်လှည့်ဖြစ် တတ်တဲ့ နိယာမကို သင်ကြားနိုင်ပါလိမ့်မယ်။