ဥစ္စာစောင့်မလေး မြနှင်းဆီ

မင်းမြတ်သူရ

800 Kyats ကျပ်
>> မြန်မာပြည်စုံထောက်လောကမှာ စုံထောက်လုပ်ဖို့အတွက် ဘုရားသခင်က ပေးသနားလိုက်သူလို့ ညွှန်းဆိုလောက်တဲ့ ဆားပုလင်းမင်းအောင်။ ရန်ကုန်မြို့ပေါ်မှာ မြနှင်းဆီနာမည်နဲ့ အငြိမ်းမင်းသမီးတစ်ယောက် နာမည်အလွန်ကြီးနေချိန် သေဆုံးသူတွေအနီးမှာ မြနှင်းဆီဆိုတဲ့ စာလုံးကို ရေးသားထားတဲ့ လူသတ်မှုတွေ။ ရွာကလေးတစ်ရွာမှာ မြလေးဆိုတဲ့ သေဆုံးသွားတဲ့ မိန်းကလေးတစ်ယောက်ကို မြေမြှုပ်သင်္ဂြိုလ်ပြီးတဲ့ ညမှာပဲ ရွာသင်္ချိုင်းထဲ ချောက်ချားမှုတစ်ရပ်နဲ့အတူ သုဘရာဇာ လူငယ်လေးဟာလည်း ထူးဆန်းစွာပျောက်ဆုံးသွားတယ်။ >> ဒီအဖြစ်အပျက်တွေဟာ ဘယ်ပုံ၊ ဘယ်နည်းဆက်စပ်မှုတွေရှိနေပြီး ဆားပုလင်းမင်းအောင်က ဘယ်လိုပညာခန်းတွေနဲ့ လူသတ်မှုတွေကို ဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဖတ်သာကြည့်လိုက်ပါတော့ဗျာ !