ပဉ္စလက် မောင်နှမ

မင်းမြတ်သူရ

800 Kyats ကျပ်
ရာဇဝတ်အုပ်လှဖေ ဟာ လာဘ်စားတဲ့နေရာမှာ နာမည်ကြီးတဲ့အပြင် မိန်းမလိုက်စားရာမှာ အလွန်ဝါသနာထုံသူတစ်ဦး။ တစ်နေ့ လှဖေတစ်ယောက် မြန်မာပြည်မြောက်ပိုင်းရွာလေးတစ်ရွာမှာ ဆက်ရက်မင်းစည်းစိမ်ခံစားနေရင်း ချောမေဆိုတဲ့ အိမ်ထောင်သည် မိန်းမလှလေးကို တွေ့လိုက်ရာကနေ အစွဲကြီးစွဲလမ်းသွားခဲ့တယ်။ ဒီတော့ ချောမေကိုရဖို့ နည်းလမ်းမျိုးစုံစဉ်းစားပြီး အကောက်ကြံတော့တာပေါ့။ လှဖေ တစ်ယောက် ချောမေကိုရဖို့ နည်းလမ်းမျိုးစုံနဲ့ အကောက်ကြံနေရင်း မြို့ပေါ်က သူဌေးကြီး ဦးဘလှအိမ်မှာ ဓားပြမှုတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် မြို့ကိုပြေးရတော့တယ်။ နောက်တော့ ချောမေ က ဦးဘလှ ကတော်ရဲ့ တူမဖြစ်နေမှန်းသိခဲ့ရတယ်။ အဲဒီမှာ ချောမေရဲ့ ယောကျာ်းဖြစ်သူ ကိုတင်မောင်ကို ဓားပြမှုနဲ့ ပတ်သက်ပြီး မသင်္ကာဘူးလို့ အကြောင်းပြဖမ်းဆီး၊ ချောမေနဲ့နီးစပ်ဖို့ ကြိုးစားမယ့်အကြံတစ်ခု စဉ်းစားမိသွားတယ်။ ကိုတင်မောင့်ကို ဖမ်းလိုက်တဲ့အခါ ချောမေခမျာ သူဌေးကြီးဦးဘလှ ခြေသလုံးကိုဖက်ကာ သူယောကျာ်းမှာ မတရားဖမ်းဆီးခံရတာဖြစ်လို့ ရာဇဝတ်အုပ်ဦးလှဖေကို ပြောပေးဖို့ ငိုယိုတောင်းပန်ပေမဲ့ ဦးဘလှက ကိုတင်မောင်ကို ပိုဆိုးအောင် ချောက်တွန်းလိုက်တယ်။ နောက်တော့ ချောမေက ရာဇဝတ်အုပ်ကို Thet ပြီးရွာနဲ့ ဝေးရာကို ထွက်ပြေးခဲ့တယ်။ နောက်ပိုင်း ချောမေတစ်ယောက် မိုးစက် ဆိုတဲ့ မျက်လှည့်ဆရာ တစ်ဦးနဲ့ ဆုံတွေ့ခဲ့တယ်။ ချောမေကလည်း သူ့ဘဝ ဖြစ်ကြောင်းကုန်စင်ကို ပြောပြတဲ့အခါ မိုးစက်က သူနဲ့နယ်လှည့် မျက်လှည့်ပြဖို့ ဖိတ်ခေါ်ခဲ့ရာကနေ ပဉ္စလက်မောင်နှမရဲ့ စွန့်စားခန်းတွေ စတင်ပါတော့တယ်။ ချောမေတစ်ယောက် ရာဇဝတ်အုပ်ကို Thetတဲ့အမှုနဲ့ ဘာတွေဆက်ဖြစ်မလဲ? မိုးစက်ကရော ချောမေကို အဆုံးထိဘယ်လိုစောင့်ရှောက်သွားမလဲဆိုတာ ဝတ္ထုထဲမှာ စိတ်ဝင်တစား ဖတ်ရှုရမှာပါ။