ဂျမဒါမင်းထင်နှင့်စုန်းမ

မင်းမြတ်သူရ

800 Kyats ကျပ်
⚫ ရုပ်ကလေးလှသလို စိတ်ဓာတ်ကလည်း မာကြောပြတ်သားတဲ့ စိန်ပိုးတီ။ စိတ်ဓာတ်ကဘယ်လောက်အထိ မာကြောလဲဆို သူ့ကိုစော်ကားဖို့ ကြိုးစားတဲ့လူကို ဓားနဲ့ထိုးသတ်ပြီး ထောင်ထဲကိုဝင်ခဲ့တဲ့သူ။ အခုလည်း အမှုတစ်ခုဖြစ်ပြန်ပြီ။ ဒီတစ်ခါတော့ သူသတ်တာမဟုတ်။ သူခိုးလက်ခံလုပ်တဲ့ တရုတ်မောင်ကြိုင်တစ်ယောက် ရက်ရက်စက်စက် အသတ်ခံရပြီး သေသွားတယ်။ ဒါကစိန်ပိုးတီအလုပ်မဟုတ်။ ဒါပေမယ့် သူ့အလုပ်ဖြစ်လာတာက မောင်ကြိုင်ရဲ့ အိမ်ပြူတင်းပေါက်မှာ စိန်ပိုးတီရဲ့ ထင်ရှားတဲ့လက်ရာကြီး ရှိနေတာပဲ။ ⚫ စိန်ပိုးတီကံကောင်းတာက ဖြတ်ထိုးဉာဏ်လည်းကောင်းသလို၊ ထောက်လှမ်းတဲ့နေရာမှာလည်းတော်၊ ယောက်ျားလည်းပီသတဲ့ ဂျမဒါမင်းထင်နဲ့ ရင်းနှီးနေတာပါပဲ။ ဒီအမှုကို မင်းထင်တစ်ယောက် ဘယ်လိုဆက်ပြီး ဖြေရှင်းမလဲ? စုန်းမဆိုတာကရော ဘယ်သူလဲဆိုတာကို ဆရာမင်းမြတ်သူရရဲ့ အရေးအသားထဲမှာ ရှာဖွေကြည့်လိုက်ကြပါဦး။