အကြည့်

မင်းဟိဏ်းကြယ်

800 Kyats ကျပ်
မျက်ဝန်းတစ်စုံရဲ့ အကြည့်မှာ သင် ရင်ခုန်ခဲ့ဖူးပါသလား၊ ဒါမှမဟုတ် ထိတ်လန့်ခဲ့ဖူးပါသလား၊ ဆောက်တည်ရာမရ ဖြစ်ခဲ့ဖူးပါသလား၊ အဲဒီအကြည့်ကို မေ့မရတော့ဘဲ တရစ်ဝဲဝဲ စွဲငြိမြင်ယောင်မှုမျိုး ဖြစ်ခဲ့ဖူးပါသလား။ ဒါမှမဟုတ် … အကြည့်စူးစူးတွေအောက်မှာ မဖြစ်ဖူးတဲ့ အချစ်ဆူးစူးပြီး အချစ်ရူးလေး ဖြစ်ခဲ့ဖူးပါသလား။ ဒါမှမဟုတ် … အကြည့်တစ်စုံကြောင့် သတိတွေ ခုန်ပေါက်ထွက်ပြေးပြီး တစ်ခဏလောက် စိတ်နဲ့ကိုယ် မကပ်တာမျိုး ကြုံခဲ့ဖူးပါသလား။ တစ်ခါတစ်ရံ တချို့အကြည့်တွေက လူတစ်ယောက်ရဲ့ နှလုံးသားတစ်ခုလုံးကို ပြာကျသွားသလို ဖြစ်စေတတ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ယောက်ျားတစ်ယောက်ရဲ့ ညှို့ငင်ဆွဲဆောင်အားပြင်းတဲ့ အကြည့်တစ်စုံကို ရူးမူးစွဲငြိမိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားဝေဒနာတွေက ကုရာနတ္ထိ ဆေးမရှိတော့တဲ့အခါ … မဖြစ်ဖူးတဲ့ ရင်အသည်း၊ မချစ်ဖူးတဲ့ ရင်အသည်းက၊ မြစ်ကို မူးထင်သလိုလို၊ မူးကို မြစ်ထင်သလိုလိုနဲ့ အရူးလို ဖြစ်ချင်ဖြစ်၊ ချစ်ချင်လို့ ချစ်ပစ်လိုက်မိတဲ့နောက်၊ အချစ်ရဲ့ စေစားရာကို လိုက်မိပြီး ဘယ်လို နာကျင်ကြေကွဲစရာတွေ ဖြစ်လာမလဲဆိုတာကို လှလှပပ ပုံဖော်ထားပါရဲ့။ အကြည့်တစ်စုံရဲ့ နောက်ဆက်တွဲ ဝေဒနာတွေအကြောင်းကို ဒီဇာတ်လမ်းမှာ ခံစားကြည့်လိုက်ရအောင်လား စာချစ်သူတို့ရေ။