ပြောထုံးဖြစ်အောင် ငနက်ခေါင် ၁

မင်းသိင်္ခ

1000 Kyats ကျပ်
ဒီစာအုပ်ကို ဖတ်တဲ့အခါမှာ ဝတ္ထုလို သဘောမထားဘဲ ဒီထဲမှာပါတဲ့ သင်ခန်းစာကို ကိုယ့်ဘဝနဲ့ တိုက်ဆိုင်လာရင် အသုံးရမယ်လို့ လေးလေးနက်နက် သန္နိဋ္ဌာန်ချပြီးမှ ဖတ်စေချင်ပါတယ်။ ဒီစာအုပ်ကို ဖတ်တဲ့အခါမှာ ဝတ္ထုဖတ်သလို တစ်ခန်းပြီးတစ်ခန်း မြန်မြန်ပြီးအောင် အလောတကြီး မဖတ်ပါနဲ့၊ လိုအပ်ရင် ရှေ့အခန်းတွေကို မဖတ်သေးဘဲ နောက်အခန်းတွေကို မှတ်မိအောင် ပြန်ပြီးဖတ်စေချင်ပါတယ်။ ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာတွေ နည်းစနစ်တွေဟာ စိတ်ကူးယဉ်ပြီးရေးထားတာတွေလား၊ တကယ်ဖြစ်နိုင်တာတွေလား၊ င့ါအနေနဲ့ ဘယ်နေရာက အကြောင်းအရာကို ဘယ်လိုသုံးရင်ကောင်းမှာပဲ၊ ဘယ်နေရာက အကြောင်းအရာကတော့ အံမဝင်ပါဘူးလေ၊ သုံးလို့ မဖြစ်ပါဘူး စသဖြင့် မိမိကိုယ်မိမိ တစ်ကြိမ်မက မေးကြည့်ပြီးမှ ဖတ်စေချင်ပါတယ်။