မနုစာရီ

မင်းသိင်္ခ

1000 Kyats ကျပ်
ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးနေပြီဖြစ်တဲ့ ‘မနုစာရီ’ … ။ ဆရာကြီးမင်းသိင်္ခရဲ့ ပထမဆုံး ရေးသားခဲ့တဲ့ လက်ရာ … ပညာရှင်မင်းသမီး ‘မနုစာရီ’ … ။ မောင်တော်အတိတျာနဲ့အတူ အရိမေတ္တယျမြတ်စွာဘုရားကို ဖူးဖို့အတွက် နှစ်ပေါင်းများစွာ စောင့်မျှော်နေတဲ့ ‘မနုစာရီ’ … ။ ရွှေမျဉ်းဓမ္မသတ်၊ မနုကျယ်ဓမ္မသတ်၊ ဣန္ဒာစရိယဓာတ်ကျမ်း၊ ဓာတောသဓိသံ ယောဂါဂါ ဒိကြိယာဓာတ်ကျမ်း စတဲ့ ပညာကျမ်းအမျိုးမျိုးကို စီရင်ခဲ့တဲ့ မနုစာရီ၊ မိုးကြိုးအိုးကလေးနဲ့ ဆက်စပ်နေတဲ့ မနုစာရီရဲ့ မှတ်တမ်း။ ထူးခြားတဲ့ ဂျေရာအမှတ်တံဆိပ်နဲ့အတူ မနုစာရီကြောင့် ရူးသွပ်သွားတဲ့ ကောလိပ်ကျောင်းသား မောင်ကျော်ခိုင်၊ မနုစာရီကြောင့် အမှုတွေ ကျူးလွန်ခဲ့တဲ့ လက်ဖတင်နင်နန်းဝေ၊ မနုစာရီရဲ့ လက်ကို ဖြတ်ခဲ့တဲ့ ဘဒ္ဒကလျာမင်းသမီး၊ မနုစာရီချစ်တဲ့ … မနုစာရီကို ချစ်တဲ့ မောင်တော်အတိတျာ၊ လရောင်လှုံနေတဲ့ မနုစာရီနဲ့ မတော်တဆ မြင်တွေ့သွားတဲ့ မောင်တော်အတိတျာတို့ရဲ့ ရင်ဖိုစရာ ဇာတ်ဝင်ခန်း … စတဲ့ စတဲ့ စိတ်ဝင်စားစရာ ပညာရှင်မင်းသမီးတစ်ပါးရဲ့ ဒဏ္ဍာရီဆန်ဆန် မှတ်တမ်းကို ဝတ္ထုရေးသူတို့ အတတ်ပညာနဲ့ အလှည့်အပြောင်း၊ အတက်အကျ၊ လှပစွာ ဖန်တီးရေးဖွဲ့ထားတာမို့ လက်ကမချနိုင်အောင် ဆွဲဆောင်သွားမယ့် စာအုပ်တစ်အုပ်ဖြစ်မှာ သေချာပါတယ်။