ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင်

မင်းသိင်္ခ

1000 Kyats ကျပ်
ပိတုန်းတံဆိပ် ဖဲထုပ်မှ ပိတုန်းပေါ်တွင် ဂျိုကာစီးလျက်ပုံ ပါရှိသော ဖဲသုံးချပ်။ ‘လမင်းကြီးရဲ့ မျက်နှာမှာ ကျောက်ပေါက်မတွေ ပေါ်လိမ့်မယ်။ ငါးရက်နေ့ကို သတိထား၊ ရအောင်ကြိုးစား၊ လာခဲ့မယ်၊ သေချာတယ်၊ အက်ဖ် - အယ် - တီ’ ။ စာရွက်အလွတ် နှစ်ရွက်ပေါ်မှ ကုန်ကြွေးနှစ်စောင်၊ ၄င်းစာများက ရိုးရိုးတန်းတန်း ငွေအပေးအယူလုပ်သော စာများ ဖြစ်သည်။ အင်္ဂလိပ်ဂဏန်း ၆၅ ဟု ထွင်းထားသော ရွှေလက်စွပ်ကို ဆားပုလင်းနှင်းမောင်က သေချာကြည့်ပြီးနောက် … ။ ဒီစာအုပ်ကတော့ ဆရာမင်းသိင်္ခရဲ့ နာမည်ကျော် ဇာတ်လိုက်ကြီး ဆားပုလင်းနှင်းမောင် လိုက်ခဲ့တဲ့ ပိတုန်းသုံးကောင်ဆိုတဲ့ အမှုရဲ့ လျှို့ဝှက်သည်းဖို ဖြစ်ရပ်တွေပါပဲ။ မျိုးရိုးစဉ်ဆက်အလိုက် ရတနာသိုက်တူးကြတဲ့ လူတွေ ကျူးလွန်ခဲ့တဲ့ လူသတ်မှုတွေကို ဆားပုလင်းနှင်းမောင်က လိုက်ခံဖော်ထုတ်ခဲ့တဲ့အခါ ကြုံတွေ့ရတဲ့ ရင်ထိတ်သည်းဖို အဖြစ်အပျက်တွေကို ဖတ်ရှုရမှာပါ။ စုံထောက်ဝတ္ထုကောင်းကောင်း ဖတ်ချင်သူများ ဒီစာအုပ်ကို ဖတ်ကြည့်ပါဦးလို့ ညွှန်းဆိုပါတယ်။